Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #141 Translated in Burmese

إِنْ هَٰذَا إِلَّا خُلُقُ الْأَوَّلِينَ
ဤသည် ရှေးလူဟောင်းတို့၏ ဓလေ့ထုံးစံမျှဖြစ်ပေ၏။
وَمَا نَحْنُ بِمُعَذَّبِينَ
စင်စစ် ကျွန်ုပ်တို့သည် ပြစ်ဒဏ်ပေးခြင်း ခံကြရမည့်သူများ မဟုတ်ပေ။
فَكَذَّبُوهُ فَأَهْلَكْنَاهُمْ ۗ إِنَّ فِي ذَٰلِكَ لَآيَةً ۖ وَمَا كَانَ أَكْثَرُهُمْ مُؤْمِنِينَ
အချုပ်မှာ ၎င်းအမျိုးသားတို့သည် ထိုဟူဒ်အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြပေရာ ငါအရှင်မြတ်သည် ထိုအမျိုးသားတို့အား ပြင်းထန်လှစွာသော လေပြင်းမုန်တိုင်းဖြင့် ကွပ်မျက်ဖျက်ဆီးတော်မူခဲ့၏။ ဧကန်မလွဲ ဤသည့်ဖြစ်ရပ်၌လည်း (ကြီးကျယ်လှစွာသော) သင်ခန်းစာ ရှိပေ၏။ သို့ရာတွင် ၎င်းတို့(မက္ကာမြို့သားကာဖိရ်များ)အနက် အများဆုံးသော သူတို့မှာကား သက်ဝင်ယုံကြည်မည့်သူများ မဟုတ်ကြချေ။
وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ
စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာမူကား အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူ သောအရှင် ဖြစ်တော်မူပေသတည်း။
كَذَّبَتْ ثَمُودُ الْمُرْسَلِينَ
‘ဆမူဒ်’ အမျိုးသားတို့သည်လည်း ရစူလ်တမန်တော်တို့အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။

Choose other languages: