Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #16 Translated in Burmese

قَالَ رَبِّ إِنِّي أَخَافُ أَنْ يُكَذِّبُونِ
(ထိုအခါ) ထိုမူစာသည်(ဤသို့)လျှောက်ထားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုးသည် ၎င်းတို့က ကျွန်တော်မျိုးအား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြမည်ကို စိုးရိမ်မိပါသည်။
وَيَضِيقُ صَدْرِي وَلَا يَنْطَلِقُ لِسَانِي فَأَرْسِلْ إِلَىٰ هَارُونَ
၎င်းပြင် ကျွန်တော်မျိုးသည် စိတ်ကျဉ်းကျပ်သည့်ပြင် ကျွန်တော်မျိုး၏လျှာမှာလည်း သွက်လက်ခြင်းမရှိပါ။ သို့ဖြစ်ပါ၍ အရှင်မြတ်သည်(ကျွန်တော်မျိုး၏နောင်တော်) ဟာရူန်၏ထံသို့လည်း(ဝဟ်ယ်)အမိန့် တော်ပို့သတော်မူပါ။
وَلَهُمْ عَلَيَّ ذَنْبٌ فَأَخَافُ أَنْ يَقْتُلُونِ
ထိုမှတစ်ပါး ၎င်းတို့နှင့်ပက်သက်၍ ကျွန်တော်မျိုး၏အပေါ်၌ အပြစ်တစ်ခုလည်းရှိနေပါသဖြင့် ၎င်းတို့ သည်ကျွန်တော်မျိုးအား သတ်ဖြတ်ကြမည်ကိုလည်း ကျွန်တော်မျိုးစိုးရိမ်မိပါသည်။
قَالَ كَلَّا ۖ فَاذْهَبَا بِآيَاتِنَا ۖ إِنَّا مَعَكُمْ مُسْتَمِعُونَ
ထိုအရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူခဲ့၏။ (အို-မူစာ၊ ၎င်းတို့သည် အသင့်အား) အလျှင်း (သတ်ဖြတ်နိုင်ကြမည်) မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်တို့ (ညီနောင်)နှစ်ဦးသည် ငါအရှင်မြတ်၏ အမိန့်တော်များနှင့်တကွ သွားကြလေကုန်။ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့နှင့်အတူ(အသင်တို့နှစ်ဦးနှစ်ဖက် ပြောဆိုကြသည်တို့ကို)နားထောင်လျက်ပင် ရှိတော်မူပေမည်။
فَأْتِيَا فِرْعَوْنَ فَقُولَا إِنَّا رَسُولُ رَبِّ الْعَالَمِينَ
�ို့ဖြစ်ပေရာ အသင်တို့နှစ်ဦးသည် ဖစ်ရ်အောင်န်၏ထံသို့သွား၍ (ဤသို့)ပြောဆိုကြလေကုန်။ ဧကန်စင်စစ် ငါတို့သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်း မွေးမြူတော်မူသောအရှင် စေလွှတ်တော်မူသည့် ရစူလ်တမန်တော်(များ)ပင် ဖြစ်ကြသည်။

Choose other languages: