Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #124 Translated in Burmese

ثُمَّ أَغْرَقْنَا بَعْدُ الْبَاقِينَ
ထို့နောက် တစ်ဖန် ငါအရှင်မြတ်သည် ကျန်ရှိသူတို့အား နှစ်မြှုပ်တော်မူခဲ့၏။
إِنَّ فِي ذَٰلِكَ لَآيَةً ۖ وَمَا كَانَ أَكْثَرُهُمْ مُؤْمِنِينَ
ဧကန်မလွဲ ဤသည့်ဖြစ်ရပ်၌(ကြီးကျယ်လှသော)သင်ခန်းစာသည်ရှိ၏။ စင်စစ်သော်ကား ၎င်းတို့အနက် (မက္ကာမြို့သား ကာဖိရ်များအနက်)အများဆုံးသောသူတို့မှာ သက်ဝင်ယုံကြည်မည့်သူများ မဟုတ်ကြပေ။
وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ
စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာမူကား၊ အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊အလွန်တရာ သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
كَذَّبَتْ عَادٌ الْمُرْسَلِينَ
‘အာဒ်’ အမျိုးသားတို့သည်လည်း ရစူလ်တမန်တော်တို့အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ် ခဲ့ကြကုန်၏။
إِذْ قَالَ لَهُمْ أَخُوهُمْ هُودٌ أَلَا تَتَّقُونَ
အကြင်အခါဝယ် ၎င်းတို့၏ နောင်တော် ‘ဟူဒ်’က ပြောကြားခဲ့၏။ (အချင်းတို့)အသင်တို့သည်(အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ကြလေသလော။

Choose other languages: