Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #122 Translated in Burmese

فَافْتَحْ بَيْنِي وَبَيْنَهُمْ فَتْحًا وَنَجِّنِي وَمَنْ مَعِيَ مِنَ الْمُؤْمِنِينَ
သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးနှင့် ၎င်းတို့၏အကြား၌ ထင်ရှားစွာသောအဆုံးအဖြတ်ကို စီရင်ဆုံးဖြတ်ပေးတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုးနှင့်အတူရှိကုန်သော မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား လည်းကောင်း၊ ကယ်တင်တော်မူပါ။
فَأَنْجَيْنَاهُ وَمَنْ مَعَهُ فِي الْفُلْكِ الْمَشْحُونِ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုနူဟ်အားလည်းကောင်း၊ ထိုနူဟ်နှင့်အတူ ဝန်အပြည့်တင်ထားသောသင်္ဘော၌ ပါလာကြကုန်သော မုအ်မင်န်သက်ဝင် ယုံကြည်သူတို့အားလည်းကောင်း၊ ကယ်တင်တော်မူခဲ့လေ၏။
ثُمَّ أَغْرَقْنَا بَعْدُ الْبَاقِينَ
ထို့နောက် တစ်ဖန် ငါအရှင်မြတ်သည် ကျန်ရှိသူတို့အား နှစ်မြှုပ်တော်မူခဲ့၏။
إِنَّ فِي ذَٰلِكَ لَآيَةً ۖ وَمَا كَانَ أَكْثَرُهُمْ مُؤْمِنِينَ
ဧကန်မလွဲ ဤသည့်ဖြစ်ရပ်၌(ကြီးကျယ်လှသော)သင်ခန်းစာသည်ရှိ၏။ စင်စစ်သော်ကား ၎င်းတို့အနက် (မက္ကာမြို့သား ကာဖိရ်များအနက်)အများဆုံးသောသူတို့မှာ သက်ဝင်ယုံကြည်မည့်သူများ မဟုတ်ကြပေ။
وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ
စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာမူကား၊ အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊အလွန်တရာ သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

Choose other languages: