Quran Apps in many lanuages:

Surah As-Sajda Ayahs #27 Translated in Burmese

وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ فَلَا تَكُنْ فِي مِرْيَةٍ مِنْ لِقَائِهِ ۖ وَجَعَلْنَاهُ هُدًى لِبَنِي إِسْرَائِيلَ
၎င်းပြင် မလွဲဧကန် ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအားလည်း ကျမ်းဂန်ဓမ္မက္ခန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ရာ အသင်သည် ဤ(ကုရ်အာန်)ကျမ်းတော်ကို ရရှိခြင်းနှင့်စပ်လျဉ်း၍ မည်သို့မျှ ဒွိဟသံသယ မရှိလေနှင့်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် (နဗီတမန်တော်မူစာအား ချီးမြှင့်တော်မူခဲ့သော) ယင်းကျမ်းဂန်ဓမ္မက္ခန်ကို အစ္စရာအီလီ မျိုးနွယ်တို့အဖို့ တရားလမ်းညွှန်ပြုလုပ်တော်မူခဲ့၏။
وَجَعَلْنَا مِنْهُمْ أَئِمَّةً يَهْدُونَ بِأَمْرِنَا لَمَّا صَبَرُوا ۖ وَكَانُوا بِآيَاتِنَا يُوقِنُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအစ္စရာအီလီမျိုးနွယ်တို့အနက် ၎င်းတို့သည် သည်းခံခဲ့ကြသောအခါ၊ ရှေ့ဆောင်ရှေ့ရပ်များ ပြုလုပ်ခန့်အပ်တော်မူခဲ့၏။ ထိုရှေ့ဆောင်ရှေ့ရပ်တို့သည် ငါအရှင်မြတ်၏အမိန့်တော်နှင့် တရားလမ်းညွှန်ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ငါအရှင်မြတ်၏ အာယတ်တော်များကို ယုံကြည်သူများလည်း ဖြစ်ခဲ့ကြကုန်၏။
إِنَّ رَبَّكَ هُوَ يَفْصِلُ بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ
ဧကန်အမှန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ကိယာမတ် ရှင်ပြန်ထမည့် နေ့တွင် (မုအ်မင်န် သက်ဝင်ယုံကြည်သူများနှင့် မုရှ်ရစ်က် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်)သူတို့၏အကြားဝယ် ၎င်းတို့ သဘောကွဲလွဲလျက်ရှိခဲ့ကြ ကုန်သောအရေးကိစ္စနှင့် စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော် မူအံ့သတည်း။
أَوَلَمْ يَهْدِ لَهُمْ كَمْ أَهْلَكْنَا مِنْ قَبْلِهِمْ مِنَ الْقُرُونِ يَمْشُونَ فِي مَسَاكِنِهِمْ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ ۖ أَفَلَا يَسْمَعُونَ
ငါအရှင်မြတ်သည် ၎င်းတို့အလျင် မြောက်မြားစွာသောမျိုးနွယ်တို့ကို (သွေဖည်မှု၊ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်မှုများကြောင့်) ဖျက်ဆီးတော်မူခဲ့၍၊ ၎င်းတို့ သည် (ဖျက်ဆီးခြင်းခံခဲ့ကြရသော)သူတို့၏ နေထိုင်ရာ ဒေသများ၌ (ဖြတ်သန်း)သွားလာလျက် ရှိကြသည်။ ဤသည် ၎င်းတို့အဖို့ တရားလမ်းညွှန် မဖြစ်လေသလော။ ဧကန်စင်စစ် ဤ(ဖြစ်ရပ်)၌ အမှန်ပင်သက်သေ အထောက်အထားများသည် ရှိကြပေသည်။ သို့ပါလျက် ၎င်းတို့သည် မကြားကြလေသလော။
أَوَلَمْ يَرَوْا أَنَّا نَسُوقُ الْمَاءَ إِلَى الْأَرْضِ الْجُرُزِ فَنُخْرِجُ بِهِ زَرْعًا تَأْكُلُ مِنْهُ أَنْعَامُهُمْ وَأَنْفُسُهُمْ ۖ أَفَلَا يُبْصِرُونَ
၎င်းတို့သည် စဉ်းစားဆင်ခြင်တွေ့မြင်ကြသည်မဟုတ်လော၊ ဧကန်အမှန် ငါအရှင်မြတ်သည် (မိုး)ရေကိုခြောက်သွေ့လျက်ရှိသောမြေယာသို့ မောင်းနှင်ပို့ပေးတော်မူ၏။ထို့နောက် ငါအရှင်မြတ်သည် ထိုမိုးရေဖြင့် ကောက်ပဲသီးနှံများကို ထွက်စေတော်မူ၏။ ထို(ပေါက်ရောက်သော) ကောက်ပဲသီးနှံတို့မှ ၎င်းတို့ ကုလားအုတ်၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များလည်းစားကြကုန်၏။ ၎င်းတို့ကိုယ်တိုင်လည်း စားသုံးကြကုန်၏။ သို့ပါလျက် ၎င်းတို့သည် မမြင်ကြလေသလော။

Choose other languages: