Quran Apps in many lanuages:

Surah As-Saaffat Ayahs #98 Translated in Burmese

فَأَقْبَلُوا إِلَيْهِ يَزِفُّونَ
ထို့နောက် ၎င်းအမျိုးသားတို့သည် ထိုအီဗ်ရာဟီမ်၏ထံသို့ အပြေးအလွှား လာခဲ့ကြလေသည်။
قَالَ أَتَعْبُدُونَ مَا تَنْحِتُونَ
ထိုအခါ ထိုသူ(အီဗ်ရာဟီမ်)က (ဤသို့)ပြောကြားခဲ့၏။ အသင်တို့သည် မိမိတို့ကိုယ်တိုင် ထုလုပ်ထားကြသောအရာများကို ဆည်းကပ်ကိုးကွယ် ကြလေသလော။
وَاللَّهُ خَلَقَكُمْ وَمَا تَعْمَلُونَ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် အသင်တို့အားလည်းကောင်း၊ အသင်တို့ ပြုလုပ်ကျင့်မူကြသော အရာဝတ္ထုများကိုလည်းကောင်း၊ (အားလုံးကိုပင်)ဖန်ဆင်းတော်မူခဲ့၏။
قَالُوا ابْنُوا لَهُ بُنْيَانًا فَأَلْقُوهُ فِي الْجَحِيمِ
ထို(အခါ) အမျိုးသားတို့က "အသင်တို့သည် ထိုအီဗ်ရာဟီမ်၏အဖို့ အဆောက်အအုံတစ်ခုကို တည်ဆောက်ပြီးလျှင်၊ ၎င်းအား မီးတောက်မီးလျှံအတွင်းသို့ ပစ်ချကြလေကုန်" ဟု ပြောဆိုခဲ့ကြကုန်၏။
فَأَرَادُوا بِهِ كَيْدًا فَجَعَلْنَاهُمُ الْأَسْفَلِينَ
အချုပ်မှာ ၎င်းတို့သည် ထိုအီဗ်ရာဟီမ်နှင့်ပတ်သက်၍ မကောင်းသောအကြံအစည်ကို ကြံရွယ်ခဲ့ကြသော်လည်း ငါအရှင်မြတ်သည် ၎င်းတို့အား (အရေး)နိမ့်စေတော်မူခဲ့ပေသတည်း။

Choose other languages: