Quran Apps in many lanuages:

Surah As-Saaffat Ayahs #85 Translated in Burmese

إِنَّهُ مِنْ عِبَادِنَا الْمُؤْمِنِينَ
ဧကန်စင်စစ် ထိုနူးဟ်သည် ငါအရှင်မြတ်၏"မုအ်မင်န်" သက်ဝင်ယုံကြည်ကုန်သော ကျွန်တို့တွင် အပါအဝင်ဖြစ်၏။
ثُمَّ أَغْرَقْنَا الْآخَرِينَ
ထို့နောက် ငါအရှင်မြတ်သည် အခြားသောသူတို့အား နှစ်မြှုပ်တော်မူခဲ့ပေသတည်း။
وَإِنَّ مِنْ شِيعَتِهِ لَإِبْرَاهِيمَ
ထို့ပြင် ဧကန်မလွဲ ထို(နဗီတမန်တော်) နူးဟ်၏ လမ်းစဉ်ကိုလိုက်သူတို့တွင် (နဗီတမန်တော် "အီဗ်ရာဟီမ်"သည်လည်း တစ်ဦးအပါအဝင်ဖြစ်၏။)
إِذْ جَاءَ رَبَّهُ بِقَلْبٍ سَلِيمٍ
(ပြန်လည်သတိရကြလေကုန်၊) အကြင်အခါဝယ် ထိုအီဗ်ရာဟီမ်သည် (ဒွိဟသံသယ စသောရောဂါများ)ကင်းရှင်းသော စိတ်နှလုံးနှင့်တကွ မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့ လှည့်ခဲ့လေ၏။
إِذْ قَالَ لِأَبِيهِ وَقَوْمِهِ مَاذَا تَعْبُدُونَ
တစ်ရံရောအခါဝယ် ထို (နဗီတမန်တော်)အီဗ်ရာဟီမ်သည် မိမိဖခင်အားလည်းကောင်း၊ မိမိ အမျိုးသားတို့အားလည်းကောင်း၊ ပြောဆို (မေးမြန်း)ခဲ့၏။ အသင်တို့သည် မည်သည့်အရာကို ကိုးကွယ်နေကြသနည်း။

Choose other languages: