Quran Apps in many lanuages:

Surah As-Saaffat Ayahs #76 Translated in Burmese

وَلَقَدْ أَرْسَلْنَا فِيهِمْ مُنْذِرِينَ
စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းတို့တွင် သတိပေးနှိုးဆော်သူတို့အား စေလွှတ်တော်မူခဲ့၏။
فَانْظُرْ كَيْفَ كَانَ عَاقِبَةُ الْمُنْذَرِينَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် သတိပေး နှိုးဆော်ခြင်းခံခဲ့ကြရသောသူတို့၏ နောက်ဆုံးအကျိုးမှာ မည်ကဲ့သို့ဖြစ်ခဲ့သည်ကိုရှုပါလေ။
إِلَّا عِبَادَ اللَّهِ الْمُخْلَصِينَ
သို့ရာတွင် ရွေးချယ်ခြင်းခံခဲ့ကြရသော အလ္လာဟ်အရှင်မြတ်၏ ကျွန်များမှာမူကား(လွတ်မြောက်ခဲ့ကြပေသတည်း)။
وَلَقَدْ نَادَانَا نُوحٌ فَلَنِعْمَ الْمُجِيبُونَ
၎င်းပြင် ဧကန်မလွဲ (နဗီတမန်တော်) "နူးဟ်"သည် ငါအရှင်မြတ်အား ဟစ်ခေါ်ခဲ့လေရာ ငါ အရှင်မြတ်သည်(နူးဟ်၏ပန်ကြားချက်ကို) အဘယ်မျှလောက် ကောင်းစွာ နားထောင်တော်မူသောအရှင်မြတ် ဖြစ်တော်မူဘိသနည်း။
وَنَجَّيْنَاهُ وَأَهْلَهُ مِنَ الْكَرْبِ الْعَظِيمِ
ထို့ပြင် ငါအရှင်မြတ်သည် ထိုနူးဟ်အားလည်းကောင်း၊ ထိုနူးဟ်၏ အိမ်သူအိမ်သားများအားလည်းကောင်း၊ ကြီးကျယ်လှစွာသော ပူပင်သောကမှ လွတ်မြောက်စေတော်မူခဲ့သည်။

Choose other languages: