Quran Apps in many lanuages:

Surah As-Saaffat Ayahs #79 Translated in Burmese

وَلَقَدْ نَادَانَا نُوحٌ فَلَنِعْمَ الْمُجِيبُونَ
၎င်းပြင် ဧကန်မလွဲ (နဗီတမန်တော်) "နူးဟ်"သည် ငါအရှင်မြတ်အား ဟစ်ခေါ်ခဲ့လေရာ ငါ အရှင်မြတ်သည်(နူးဟ်၏ပန်ကြားချက်ကို) အဘယ်မျှလောက် ကောင်းစွာ နားထောင်တော်မူသောအရှင်မြတ် ဖြစ်တော်မူဘိသနည်း။
وَنَجَّيْنَاهُ وَأَهْلَهُ مِنَ الْكَرْبِ الْعَظِيمِ
ထို့ပြင် ငါအရှင်မြတ်သည် ထိုနူးဟ်အားလည်းကောင်း၊ ထိုနူးဟ်၏ အိမ်သူအိမ်သားများအားလည်းကောင်း၊ ကြီးကျယ်လှစွာသော ပူပင်သောကမှ လွတ်မြောက်စေတော်မူခဲ့သည်။
وَجَعَلْنَا ذُرِّيَّتَهُ هُمُ الْبَاقِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုနူးဟ်၏ အဆက်အနွယ်ကိုသာလျှင် (မသေမကြေ မပျောက်မပျက်) ကျန်ရစ်စေတော်မူခဲ့၏။
وَتَرَكْنَا عَلَيْهِ فِي الْآخِرِينَ
၎င်းပြင် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့တွင် ထို"နူးဟ်"နှင့်ပတ်သက်၍ (၎င်းအား ကောင်းမွန်စွာ သတိရစေခြင်းကို) ရှိစေတော်မူခဲ့၏။
سَلَامٌ عَلَىٰ نُوحٍ فِي الْعَالَمِينَ
ခပ်သိမ်းကုန်သော ကမ္ဘာသူကမ္ဘာသားများ တွင်"နူးဟ်" ၏အပေါ်ဝယ် "စလာမ်" ချမ်းမြေ့ သာယာမှုသည်ကျရောက်ပါစေ။

Choose other languages: