Quran Apps in many lanuages:

Surah As-Saaffat Ayahs #60 Translated in Burmese

قَالَ تَاللَّهِ إِنْ كِدْتَ لَتُرْدِينِ
(ထိုအခါ) ၎င်းသည် ထိုအဖော်အား (ဤသို့)ပြောဆိုပေမည်။ အလ္လာဟ်အရှင်မြတ်၏ "ကစမ်" ဧကန်စင်စစ် အသင်သည် ကျွန်ုပ်အား ဖျက်ဆီးလု နီးနီး ဖြစ်ခဲ့ပေသည်။
وَلَوْلَا نِعْمَةُ رَبِّي لَكُنْتُ مِنَ الْمُحْضَرِينَ
အမှန်သော်ကား အကယ်၍သာ ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျေးဇူးတော်သာလျှင် မရှိခဲ့မူ အမှန်ပင် ကျွန်ုပ်သည်လည်း ဖမ်းဆီး အရေးယူခြင်းခံခဲ့ကြရသောသူတို့တွင် အပါအဝင် ဖြစ်မည်သာ။
أَفَمَا نَحْنُ بِمَيِّتِينَ
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် သေဆုံးကြအံ့သောသူများ မဟုတ်တော့ပြီလော။
إِلَّا مَوْتَتَنَا الْأُولَىٰ وَمَا نَحْنُ بِمُعَذَّبِينَ
ကျွန်ုပ်တို့သည် ပထမအကြိမ် သေဆုံးခဲ့ကြခြင်းမှအပ၊ ၎င်းပြင် ကျွန်ုပ်တို့သည် ပြစ်ဒဏ်ပေးခြင်း ခံကြရမည့်သူများလည်း မဟုတ်ပြီ။
إِنَّ هَٰذَا لَهُوَ الْفَوْزُ الْعَظِيمُ
ဧကန်မလွဲ ဤသည်ပင်လျှင် ကြီးကျယ်စွာသော အောင်မြင်မှုတည်း။

Choose other languages: