Quran Apps in many lanuages:

Surah As-Saaffat Ayahs #58 Translated in Burmese

قَالَ هَلْ أَنْتُمْ مُطَّلِعُونَ
(ထိုအခါ) ထိုအရှင်မြတ်သည် မိန့်ကြားတော်မူပေမည်။ (တစ်နည်း) ["ဂျန္နတ်" သုခဘုံ၌ အတူရှိနေသော အဖော်တစ်ဦးက ပြောဆိုပေမည်။] အသင်တို့သည် (ထိုအဖော်အား)ချောင်း၍ ကြည့်လိုကြလေသလော။
فَاطَّلَعَ فَرَآهُ فِي سَوَاءِ الْجَحِيمِ
ထို့နောက် ထိုသူသည် ချောင်း၍ကြည့်သောအခါ ထိုအဖော်အား "ဂျဟန္နမ်" ငရဲဘုံ၏အလယ်၌ တွေ့မြင်ပေမည်။
قَالَ تَاللَّهِ إِنْ كِدْتَ لَتُرْدِينِ
(ထိုအခါ) ၎င်းသည် ထိုအဖော်အား (ဤသို့)ပြောဆိုပေမည်။ အလ္လာဟ်အရှင်မြတ်၏ "ကစမ်" ဧကန်စင်စစ် အသင်သည် ကျွန်ုပ်အား ဖျက်ဆီးလု နီးနီး ဖြစ်ခဲ့ပေသည်။
وَلَوْلَا نِعْمَةُ رَبِّي لَكُنْتُ مِنَ الْمُحْضَرِينَ
အမှန်သော်ကား အကယ်၍သာ ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျေးဇူးတော်သာလျှင် မရှိခဲ့မူ အမှန်ပင် ကျွန်ုပ်သည်လည်း ဖမ်းဆီး အရေးယူခြင်းခံခဲ့ကြရသောသူတို့တွင် အပါအဝင် ဖြစ်မည်သာ။
أَفَمَا نَحْنُ بِمَيِّتِينَ
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် သေဆုံးကြအံ့သောသူများ မဟုတ်တော့ပြီလော။

Choose other languages: