Quran Apps in many lanuages:

Surah As-Saaffat Ayahs #34 Translated in Burmese

وَمَا كَانَ لَنَا عَلَيْكُمْ مِنْ سُلْطَانٍ ۖ بَلْ كُنْتُمْ قَوْمًا طَاغِينَ
ထိုမှတစ်ပါး ကျွန်ုပ်တို့၌ အသင်တို့အပေါ်ဝယ် ဩဇာအာဏာ တစ်စုံတစ်ရာမျှလည်း မရှိခဲ့ပေ။ စင်စစ်မှာကား အသင်တို့ ကိုယ်တိုင်ပင် လွန်စွာ သောင်းကျန်းဆိုးသွမ်းများ ဖြစ်ခဲ့ကြပေသည်။
فَحَقَّ عَلَيْنَا قَوْلُ رَبِّنَا ۖ إِنَّا لَذَائِقُونَ
အမှန်သော်ကား "ကျွန်ုပ်တို့သည် ဧကန်အမှန်(ပြစ်ဒဏ်၏) အရသာကို မြည်းစမ်းမည့်သူများ ဖြစ်ကြသည်"ဟူသော ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏မိန့်ကြားချက်သည် ကျွန်ုပ်တို့အားလုံးအပေါ်၌ မှန်ကန်ကြောင်း ထင်ရှားလေသည်။
فَأَغْوَيْنَاكُمْ إِنَّا كُنَّا غَاوِينَ
သို့ဖြစ်ပေရာ ကျွန်ုပ်တို့သည် အသင်တို့အား လမ်းလွဲစေခဲ့ကြကုန်၏။ ဧကန်အမှန် ကျွန်ုပ်တို့ကိုယ်တိုင်လည်း လမ်းလွဲသူများပင် ဖြစ်ခဲ့ကြကုန်၏။
فَإِنَّهُمْ يَوْمَئِذٍ فِي الْعَذَابِ مُشْتَرِكُونَ
သို့ဖြစ်သောကြောင့် စင်စစ်ဧကန် ၎င်းတို့အားလုံးသည် ထိုနေ့တွင် ပြစ်ဒဏ်၌(ခံစား)သူများပင် ဖြစ်ကြပေမည်။
إِنَّا كَذَٰلِكَ نَفْعَلُ بِالْمُجْرِمِينَ
မလွဲဧကန် ငါအရှင်မြတ်သည် အပြစ်ရှိသူတို့အား ဤအတိုင်းပင် ပြုလုပ်လေ့ရှိတော်မူ၏။

Choose other languages: