Quran Apps in many lanuages:

Surah As-Saaffat Ayahs #36 Translated in Burmese

فَأَغْوَيْنَاكُمْ إِنَّا كُنَّا غَاوِينَ
သို့ဖြစ်ပေရာ ကျွန်ုပ်တို့သည် အသင်တို့အား လမ်းလွဲစေခဲ့ကြကုန်၏။ ဧကန်အမှန် ကျွန်ုပ်တို့ကိုယ်တိုင်လည်း လမ်းလွဲသူများပင် ဖြစ်ခဲ့ကြကုန်၏။
فَإِنَّهُمْ يَوْمَئِذٍ فِي الْعَذَابِ مُشْتَرِكُونَ
သို့ဖြစ်သောကြောင့် စင်စစ်ဧကန် ၎င်းတို့အားလုံးသည် ထိုနေ့တွင် ပြစ်ဒဏ်၌(ခံစား)သူများပင် ဖြစ်ကြပေမည်။
إِنَّا كَذَٰلِكَ نَفْعَلُ بِالْمُجْرِمِينَ
မလွဲဧကန် ငါအရှင်မြတ်သည် အပြစ်ရှိသူတို့အား ဤအတိုင်းပင် ပြုလုပ်လေ့ရှိတော်မူ၏။
إِنَّهُمْ كَانُوا إِذَا قِيلَ لَهُمْ لَا إِلَٰهَ إِلَّا اللَّهُ يَسْتَكْبِرُونَ
မုချဧကန် ၎င်းတို့မှာ အလ္လာဟ်အရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိဟု ၎င်းတို့အား ပြောဆိုခဲ့သောအခါ ၎င်းတို့သည် မာန်မာန ထောင်လွှားလေ့ရှိခဲ့ကြကုန်၏။
وَيَقُولُونَ أَئِنَّا لَتَارِكُو آلِهَتِنَا لِشَاعِرٍ مَجْنُونٍ
ထိုမှတစ်ပါး ၎င်းတို့က ကျွန်ုပ်တို့သည် ရူးသွပ်သော ကဗျာဆရာတစ်ဦး၏ပြောဆိုမှုကြောင့် မိမိတို့၏ ဆည်းကပ်ကိုးကွယ်ရာများကို စွန့်လွှတ်ကြရ မည်လောဟု ပြောဆိုလေ့ရှိကြကုန်၏။

Choose other languages: