Quran Apps in many lanuages:

Surah As-Saaffat Ayahs #30 Translated in Burmese

بَلْ هُمُ الْيَوْمَ مُسْتَسْلِمُونَ
စင်စစ်မှာကား ၎င်းတို့သည် ထိုနေ့တွင် ဦးခေါင်းညွှတ်ချ အညံ့ခံကြပေမည်။
وَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَسَاءَلُونَ
ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့အချင်းချင်း တစ်ဦးဖက်သို့ တစ်ဦးလှည့်ကာ အပြန်အလှန် မေးမြန်းကြပေမည်။
قَالُوا إِنَّكُمْ كُنْتُمْ تَأْتُونَنَا عَنِ الْيَمِينِ
၎င်းတို့ (အနက်မှ နောက်လိုက်များ)က (ခေါင်းဆောင်များအား) "ဧကန်စင်စစ် အသင်တို့သည် အရှိန်အစော်ကြီးစွာဖြင့် ကျွန်ုပ်တို့ထံ လာရောက်လေ့ ရှိခဲ့ကြသည်" ဟုပြောဆိုကြပေမည်။
قَالُوا بَلْ لَمْ تَكُونُوا مُؤْمِنِينَ
(ထိုအခါ) ၎င်းတို့(အား ခေါင်းဆောင်များ)ကပြောဆို ဖြေကြားကြပေမည်။ ထိုသို့အလျှင်းမဟုတ်။ စင်စစ်မှာကား အသင်တို့ကိုယ်တိုင် "မုအ်မင်န်" သက်ဝင်ယုံကြည်သူများ မဖြစ်ခဲ့ကြပေ။
وَمَا كَانَ لَنَا عَلَيْكُمْ مِنْ سُلْطَانٍ ۖ بَلْ كُنْتُمْ قَوْمًا طَاغِينَ
ထိုမှတစ်ပါး ကျွန်ုပ်တို့၌ အသင်တို့အပေါ်ဝယ် ဩဇာအာဏာ တစ်စုံတစ်ရာမျှလည်း မရှိခဲ့ပေ။ စင်စစ်မှာကား အသင်တို့ ကိုယ်တိုင်ပင် လွန်စွာ သောင်းကျန်းဆိုးသွမ်းများ ဖြစ်ခဲ့ကြပေသည်။

Choose other languages: