Quran Apps in many lanuages:

Surah As-Saaffat Ayahs #173 Translated in Burmese

لَكُنَّا عِبَادَ اللَّهِ الْمُخْلَصِينَ
အမှန်ပင် ကျွန်ုပ်တို့သည် ရွေးချယ်ခြင်းခံကြရသော အလ္လာဟ်အရှင်မြတ်၏ကျွန်များပင် ဖြစ်ကြမည်။
فَكَفَرُوا بِهِ ۖ فَسَوْفَ يَعْلَمُونَ
သို့ပါလျက် ၎င်းတို့သည် ယင်းဆုံးမဩဝါဒကို ငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် မကြာမြင့်မီပင် သိရှိကြရမည်။
وَلَقَدْ سَبَقَتْ كَلِمَتُنَا لِعِبَادِنَا الْمُرْسَلِينَ
အမှန်သော်ကား ငါအရှင်မြတ်၏ ရစူလ်တမန်တော်များဖြစ်ကြသော ကျွန်တို့နှင့်ပတ်သက်၍ ငါအရှင်မြတ်၏ အမိန့်ဗျာဒိတ်တော်သည် ရှေးဦး မဆွကပင် သတ်မှတ်ပြီးဖြစ်ခဲ့ပြီ။
إِنَّهُمْ لَهُمُ الْمَنْصُورُونَ
ဧကန်အမှန် ၎င်းတို့သည်သာလျှင် ကူညီစောင်မခြင်း ခံကြရမည့်သူများ ဖြစ်ကြောင်း။
وَإِنَّ جُنْدَنَا لَهُمُ الْغَالِبُونَ
စင်စစ်သော်ကား ဧကန်အမှန် ငါအရှင်မြတ်၏ တပ်မတော်သည်သာလျှင် လွှမ်းမိုးမည်ပင်။

Choose other languages: