Quran Apps in many lanuages:

Surah As-Saaffat Ayahs #169 Translated in Burmese

وَإِنَّا لَنَحْنُ الصَّافُّونَ
၎င်းပြင် ဧကန်မလွဲ ကျွန်ုပ်တို့သည် စီတန်း၍နေကြသူများပင် ဖြစ်ကြကုန်သည်။
وَإِنَّا لَنَحْنُ الْمُسَبِّحُونَ
ထိုမှတစ်ပါး ဧကန်စင်စစ် ကျွန်ုပ်တို့သည်(အလ္လာဟ်အရှင်မြတ်) စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုသူများပင် ဖြစ်ကြကုန်သည်။ (ဟုဆိုကြသည်)။
وَإِنْ كَانُوا لَيَقُولُونَ
စင်စစ်သော်ကား ဧကန်မလွဲ ထို(မုရှ်ရစ်က်) တို့သည် (ဤသို့)ပြောဆိုလျက် ရှိခဲ့ကြကုန်၏။
لَوْ أَنَّ عِنْدَنَا ذِكْرًا مِنَ الْأَوَّلِينَ
ဧကန်အမှန် အကယ်၍သာ ကျွန်ုပ်တို့ထံ၌ ရှေးသူဟောင်းတို့၏ဆုံးမဩဝါဒ တစ်စုံတစ်ရာရှိခဲ့မူ။
لَكُنَّا عِبَادَ اللَّهِ الْمُخْلَصِينَ
အမှန်ပင် ကျွန်ုပ်တို့သည် ရွေးချယ်ခြင်းခံကြရသော အလ္လာဟ်အရှင်မြတ်၏ကျွန်များပင် ဖြစ်ကြမည်။

Choose other languages: