Quran Apps in many lanuages:

Surah As-Saaffat Ayahs #140 Translated in Burmese

ثُمَّ دَمَّرْنَا الْآخَرِينَ
ထို့နောက် ငါအရှင်မြတ်သည် အခြားသောသူတို့အား ဖျက်ဆီးတော်မူခဲ့၏။
وَإِنَّكُمْ لَتَمُرُّونَ عَلَيْهِمْ مُصْبِحِينَ
စင်စစ်ဆိုသော် မုချဧကန် အသင်တို့သည် နေ့အခါ၌ ၎င်းတို့၏(ပျက်စီးနေသောမြို့ရွာ)အနီးမှ ဖြတ်သန်းသွားလာလျက်ပင် ရှိကြကုန်၏။
وَبِاللَّيْلِ ۗ أَفَلَا تَعْقِلُونَ
ထိုနည်းတူစွာ (အသင်တို့သည်) ညဉ့်အခါ၌လည်း(ဖြတ်သန်းသွားလာလျက် ရှိကြပေသည်၊)သို့ပါလျက် အသင်တို့သည် (မစဉ်းစားမဆင်ခြင်) မသိ နားမလည်ကြလေသလော။
وَإِنَّ يُونُسَ لَمِنَ الْمُرْسَلِينَ
ထိုမှတစ်ပါး ဧကန်အမှန် "ယူနွတ်စ်"သည်လည်း "ရစူလ်" တမန်တော်တစ်ဦးဖြစ်ခဲ့၏။
إِذْ أَبَقَ إِلَى الْفُلْكِ الْمَشْحُونِ
အခါတစ်ပါး၌ ထို "ယူနွတ်စ်" သည် ကုန်စည်အပြည့်တင်ထားသော သင်္ဘော၏အနီးသို့ ပြေး၍သွားခဲ့လေ၏။

Choose other languages: