Quran Apps in many lanuages:

Surah As-Saaffat Ayahs #143 Translated in Burmese

وَإِنَّ يُونُسَ لَمِنَ الْمُرْسَلِينَ
ထိုမှတစ်ပါး ဧကန်အမှန် "ယူနွတ်စ်"သည်လည်း "ရစူလ်" တမန်တော်တစ်ဦးဖြစ်ခဲ့၏။
إِذْ أَبَقَ إِلَى الْفُلْكِ الْمَشْحُونِ
အခါတစ်ပါး၌ ထို "ယူနွတ်စ်" သည် ကုန်စည်အပြည့်တင်ထားသော သင်္ဘော၏အနီးသို့ ပြေး၍သွားခဲ့လေ၏။
فَسَاهَمَ فَكَانَ مِنَ الْمُدْحَضِينَ
ထို့နောက် ထို"ယူနွတ်စ်"သည်(သင်္ဘောသားများ) မဲစာရေးတံချရာတွင် ပါဝင်မဲချစေခဲ့ရာ၊ ၎င်းမှာ အရေးရှုံးနိမ့်သူ ဖြစ်ခဲ့ရလေ၏။
فَالْتَقَمَهُ الْحُوتُ وَهُوَ مُلِيمٌ
ထို့နောက် ထိုယူနွတ်စ်သည် မိမိကိုယ်ကိုမိမိ အပြစ်တင်လျက်ရှိနေစဉ် ငါးသည် ၎င်းအား မျိုခဲ့လေ၏။
فَلَوْلَا أَنَّهُ كَانَ مِنَ الْمُسَبِّحِينَ
စင်စစ်သော်ကား အကယ်၍သာ ထို"ယူနွတ်စ်"သည် (ငါအရှင်မြတ်)စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုသူ မဖြစ်ခဲ့မူ။

Choose other languages: