Quran Apps in many lanuages:

Surah As-Saaffat Ayahs #126 Translated in Burmese

إِنَّهُمَا مِنْ عِبَادِنَا الْمُؤْمِنِينَ
ဧကန်စင်စစ် ထိုနှစ်ဦးစလုံးသည် ငါအရှင်မြတ်၏ "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော ကျွန်တို့တွင် အပါအဝင် ဖြစ်ကြကုန်သတည်း။
وَإِنَّ إِلْيَاسَ لَمِنَ الْمُرْسَلِينَ
ထိုမှတစ်ပါး ဧကန်စင်စစ် "အီလ်ယာစ်" သည်"ရစူလ်" တမန်တော်တို့တွင် အမှန်ပင် တစ်ဦးအပါအဝင် ဖြစ်၏။
إِذْ قَالَ لِقَوْمِهِ أَلَا تَتَّقُونَ
တစ်ရံရောအခါဝယ် "အီလ်ယာစ်"သည် မိမိအမျိုးသားတို့အား (ဤသို့) ပြောကြားခဲ့လေ၏။ (အချင်းတို့၊)အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ကြလေသလော။
أَتَدْعُونَ بَعْلًا وَتَذَرُونَ أَحْسَنَ الْخَالِقِينَ
အသင်တို့သည် အကောင်းဆုံး ဖန်ဆင်းတော်မူသော အရှင်မြတ်အား စွန့်ထားကြ၍ "ဗအ်လ်" (ဟုမည်တွင်သော ဆင်းတု)ကို ဟစ်ခေါ်(တသ ကိုးကွယ်ဆည်းကပ်)ကြလေသလော။
اللَّهَ رَبَّكُمْ وَرَبَّ آبَائِكُمُ الْأَوَّلِينَ
အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ထိုနည်းတူစွာ အသင်တို့၏ ရှေးဟောင်းအဘ၊ ဘိုး၊ ဘေးများအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အား (စွန့်ထားကြ၍)။

Choose other languages: