Quran Apps in many lanuages:

Surah As-Saaffat Ayahs #129 Translated in Burmese

أَتَدْعُونَ بَعْلًا وَتَذَرُونَ أَحْسَنَ الْخَالِقِينَ
အသင်တို့သည် အကောင်းဆုံး ဖန်ဆင်းတော်မူသော အရှင်မြတ်အား စွန့်ထားကြ၍ "ဗအ်လ်" (ဟုမည်တွင်သော ဆင်းတု)ကို ဟစ်ခေါ်(တသ ကိုးကွယ်ဆည်းကပ်)ကြလေသလော။
اللَّهَ رَبَّكُمْ وَرَبَّ آبَائِكُمُ الْأَوَّلِينَ
အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ထိုနည်းတူစွာ အသင်တို့၏ ရှေးဟောင်းအဘ၊ ဘိုး၊ ဘေးများအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အား (စွန့်ထားကြ၍)။
فَكَذَّبُوهُ فَإِنَّهُمْ لَمُحْضَرُونَ
သို့တစေလည်း ၎င်းတို့သည် ထို(နဗီတမန်တော်) အီလ်ယာစ်အား မုသာဝါဒီဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြပေရာ၊ ဧကန်စင်စစ် ၎င်းတို့သည် (ငါအရှင်မြတ်၏) ရှေ့တော်မှောက်သို့ သွင်းခြင်းခံကြရမည့်သူများ အမှန်ပင်ဖြစ်ကြကုန်၏။
إِلَّا عِبَادَ اللَّهِ الْمُخْلَصِينَ
သို့ရာတွင် ရွေးချယ်ခြင်း ခံခဲ့ကြရလေသော အလ္လာဟ်အရှင်မြတ်၏ ကျွန်တို့မှာမူကား (ကောင်းမြတ်သော အကျိုးကျေးဇူးကို ခံစားကြရပေမည်)။
وَتَرَكْنَا عَلَيْهِ فِي الْآخِرِينَ
စင်စစ် ငါအရှင်မြတ်သည် ထိုအီလ်ယာစ်နှင့်ပတ်သက်၍ နောင်လာနောက်သားတို့တွင် (၎င်းအား ကောင်းမွန်စွာ သတိရခြင်းကို) ရှိစေတော်မူခဲ့၏။

Choose other languages: