Quran Apps in many lanuages:

Surah As-Saaffat Ayahs #113 Translated in Burmese

سَلَامٌ عَلَىٰ إِبْرَاهِيمَ
အီဗ်ရာဟီမ်၏အပေါ်ဝယ် "စလာမ်" ချမ်းမြေ့သာယာမှုသည် ကျရောက်ပါစေ။
كَذَٰلِكَ نَجْزِي الْمُحْسِنِينَ
ဧကန်မလွဲ ငါအရှင်မြတ်သည် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အစားပေးလေ့ရှိတော်မူ၏။
إِنَّهُ مِنْ عِبَادِنَا الْمُؤْمِنِينَ
ဧကန်စင်စစ် ထိုအီဗ်ရာဟီမ်သည် ငါအရှင်မြတ်၏ "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော ကျွန်တို့အနက် အပါအဝင်ဖြစ်၏။
وَبَشَّرْنَاهُ بِإِسْحَاقَ نَبِيًّا مِنَ الصَّالِحِينَ
၎င်းပြင် ငါအရှင်မြတ်သည် ထိုအီဗ်ရာဟီမ်အား "အစ်ဟာက်"နှင့်ပတ်သက်၍ နဗီတမန်တော်တစ်ပါး၊ သူတော်ကောင်းတစ်ပါး ဖြစ်မည့်အကြောင်း ဝမ်းမြောက်ဖွယ်သတင်း မိန့်ကြားတော်မူခဲ့၏။
وَبَارَكْنَا عَلَيْهِ وَعَلَىٰ إِسْحَاقَ ۚ وَمِنْ ذُرِّيَّتِهِمَا مُحْسِنٌ وَظَالِمٌ لِنَفْسِهِ مُبِينٌ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအီဗ်ရာဟီမ်၏အပေါ်၌လည်းကောင်း၊ "အစ်ဟာက်"၏အပေါ်၌ လည်းကောင်း၊ ချမ်းသာကြောင်းကို ချပေးသနားတော်မူခဲ့၏။ သို့ရာတွင် ၎င်းတို့နှစ်ဦး၏ သားမြေးတို့အနက် သူတော်ကောင်းလည်းရှိ၏။ မိမိကိုယ်ကိုမိမိ အထင်အရှား နှိပ်စက်ကလူပြုသူလည်းရှိချေသတည်း။

Choose other languages: