Quran Apps in many lanuages:

Surah As-Saaffat Ayahs #109 Translated in Burmese

قَدْ صَدَّقْتَ الرُّؤْيَا ۚ إِنَّا كَذَٰلِكَ نَجْزِي الْمُحْسِنِينَ
ဧကန်မလွဲ အသင်သည် အိပ်မက်ကို အမှန်အကန် ဆောင်ရွက်ခဲ့လေပြီ။ ဧကန်အမှန် ငါအရှင်မြတ်သည် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အစားပေးလေ့ရှိတော်မူ၏။
إِنَّ هَٰذَا لَهُوَ الْبَلَاءُ الْمُبِينُ
ဧကန်မလွဲ ဤသည် ထင်ရှားစွာသော စမ်းသပ်မှုတစ်ရပ် အမှန်ပင်ဖြစ်၏။
وَفَدَيْنَاهُ بِذِبْحٍ عَظِيمٍ
၎င်းပြင် ငါအရှင်မြတ်သည် ကြီးကျယ် မြင့်မြတ်လှစွာသော သတ်ဖြတ်အပ်သည့်သားကောင် တစ်ကောင်ဖြင့်(အစားထိုး၍) ထိုသားတော်အား ရွေးယူတော်မူခဲ့၏။
وَتَرَكْنَا عَلَيْهِ فِي الْآخِرِينَ
၎င်းပြင် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့တွင် ထိုအီဗ်ရာဟီမ်နှင့်ပတ်သက်၍ (၎င်းအား ကောင်းမွန်စွာ သတိရခြင်းကို) ရှိစေတော်မူခဲ့၏။
سَلَامٌ عَلَىٰ إِبْرَاهِيمَ
အီဗ်ရာဟီမ်၏အပေါ်ဝယ် "စလာမ်" ချမ်းမြေ့သာယာမှုသည် ကျရောက်ပါစေ။

Choose other languages: