Quran Apps in many lanuages:

Surah As-Saaffat Ayahs #106 Translated in Burmese

فَلَمَّا بَلَغَ مَعَهُ السَّعْيَ قَالَ يَا بُنَيَّ إِنِّي أَرَىٰ فِي الْمَنَامِ أَنِّي أَذْبَحُكَ فَانْظُرْ مَاذَا تَرَىٰ ۚ قَالَ يَا أَبَتِ افْعَلْ مَا تُؤْمَرُ ۖ سَتَجِدُنِي إِنْ شَاءَ اللَّهُ مِنَ الصَّابِرِينَ
၎င်းနောက် ထိုသားတော်သည် ထိုအီဗ်ရာဟီမ်နှင့်အတူ သွားလာပြေးလျှောက်နိုင်သော အရွယ်သို့ ရောက်သောအခါ ထိုအစ်ဗ်ရာဟီမ်သည် (ဤသို့) ပြောကြားခဲ့လေ၏။"အို-ချစ်သား ငါသည် ဧကန်မလွဲ အသင့်အား လှီးဖြတ်နေသည်ကို အိပ်မက်တွင် ဧကန်အမှန် မြင်မက်သည်။ သို့ဖြစ်ပေရာ အသင်သည် မည်သို့ထင်မြင်ယူဆသနည်း"စဉ်းစားပါလေ။ ထို(အခါ)သားတော်က "အို-ခမည်းတော်၊ ခမည်းတော်သည် ပေးတော်မူခြင်းခံရသော အမိန့်တော်ကိုသာ လိုက်နာဆောင်ရွက်ပါ။ "အင်န်ရှာအလ္လာဟ်" (အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့ပါလျှင်) ခမည်းတော်သည် ကျွန်တော့်အား ခန္တီတရား ထားရှိသူတစ်ဦးအဖြစ် အမှန်ပင် တွေ့ရှိပါလိမ့်မည်ဟု ပြန်ကြားခဲ့လေ၏။
فَلَمَّا أَسْلَمَا وَتَلَّهُ لِلْجَبِينِ
ထို့နောက် ထို(သားအဖ)နှစ်ပါးလုံးသည် အမိန့်တော်ကို လိုက်နာပြီး ထိုအီဗ်ရာဟီမ်သည် (လှီးဖြတ်ရန်)ထိုသားတော်အား မှောက်လျက် လှဲခဲ့လေ သောအခါ။
وَنَادَيْنَاهُ أَنْ يَا إِبْرَاهِيمُ
ငါအရှင်မြတ်သည် ၎င်းအား (ဤသို့) အသံပြုတော်မူခဲ့၏။ အို-အီဗ်ရာဟီမ်၊
قَدْ صَدَّقْتَ الرُّؤْيَا ۚ إِنَّا كَذَٰلِكَ نَجْزِي الْمُحْسِنِينَ
ဧကန်မလွဲ အသင်သည် အိပ်မက်ကို အမှန်အကန် ဆောင်ရွက်ခဲ့လေပြီ။ ဧကန်အမှန် ငါအရှင်မြတ်သည် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အစားပေးလေ့ရှိတော်မူ၏။
إِنَّ هَٰذَا لَهُوَ الْبَلَاءُ الْمُبِينُ
ဧကန်မလွဲ ဤသည် ထင်ရှားစွာသော စမ်းသပ်မှုတစ်ရပ် အမှန်ပင်ဖြစ်၏။

Choose other languages: