Quran Apps in many lanuages:

Surah Ar-Rum Ayahs #33 Translated in Burmese

بَلِ اتَّبَعَ الَّذِينَ ظَلَمُوا أَهْوَاءَهُمْ بِغَيْرِ عِلْمٍ ۖ فَمَنْ يَهْدِي مَنْ أَضَلَّ اللَّهُ ۖ وَمَا لَهُمْ مِنْ نَاصِرِينَ
သို့ပါလျက် မတရားပြုလုပ်ကြသော သူတို့မှာမူကား၊ သက်သေအထောက်အထား မရှိဘဲလျက် မိမိတို့၏စိတ်အလိုဆန္ဒများကိုသာ လိုက်နာလိုက်စား ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်က လမ်းမှားစေတော်မူခဲ့သောသူအား တရားလမ်းမှန်ကို မည်သူညွှန်ကြားပြသနိုင်မည်နည်း။ ထိုမှတစ်ပါး ၎င်းတို့၌ ယိုင်းပင်းကူညီသူများဟူ၍လည်း ရှိကြမည်မဟုတ်ပေတကား။
فَأَقِمْ وَجْهَكَ لِلدِّينِ حَنِيفًا ۚ فِطْرَتَ اللَّهِ الَّتِي فَطَرَ النَّاسَ عَلَيْهَا ۚ لَا تَبْدِيلَ لِخَلْقِ اللَّهِ ۚ ذَٰلِكَ الدِّينُ الْقَيِّمُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
သို့ဖြစ်ပေရာ အသင်(လူသား)သည် လူသားတို့အား အလ္လာဟ်အရှင်မြတ် ဖန်ဆင်းတော်မူခဲ့သော သဘာဝဓမ္မနှင့်အညီ မိမိ၏မျက်နှာကို (မှန်ကန်သော) ဒီန်သာသနာအပေါ်၌ အာရုံစူးစိုက်လျက် ခိုင်ခံ့တည်တံ့စွာထားရှိလေ။ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှုတွင် မည်သည့်ပြောင်းလွဲမှုမျှ အလျှင်းမရှိပြီ။ ဤသည်ပင်လျှင် ဖြောင့်မတ်မှန်ကန်သော "ဒီန်" သာသနာဖြစ်၏။ သို့တစေလည်း အများဆုံးသော သူတို့မှာမူကား မသိနားမလည်ကြပေ။
مُنِيبِينَ إِلَيْهِ وَاتَّقُوهُ وَأَقِيمُوا الصَّلَاةَ وَلَا تَكُونُوا مِنَ الْمُشْرِكِينَ
ထိုအရှင်မြတ်ဘက်သို့သာလျှင် ပြန်လှည့်ကြသူများအဖြစ် (အစ္စလာမ်၏ သဘာဝဓမ္မကို နာယူ ကျင့်မူကြကုန်)။ထို့ပြင် အသင်တို့သည် ထိုအရှင်မြတ်အား ကြောက်ရွံ့ ရိုသေခန့်ညားကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် "ဆွလာတ်"ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ထို့ပြင် အသင်တို့သည် "မုရှ်ရစ်က်" တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်သူတို့အနက်မှ မဖြစ်ကြကုန်လင့်။
مِنَ الَّذِينَ فَرَّقُوا دِينَهُمْ وَكَانُوا شِيَعًا ۖ كُلُّ حِزْبٍ بِمَا لَدَيْهِمْ فَرِحُونَ
အကြင် (မုရှ်ရစ်က်) တို့အနက်မှ ထိုသူတို့သည် မိမိတို့၏ "ဒီန်"သာသနာကို အစိတ်စိတ်အပိုင်းပိုင်း ပြုလုပ်ခဲ့ကြပြီးလျှင် ဂိုဏ်းဂဏအမျိုးမျိုး ဖြစ်သွားခဲ့ကြကုန်၏။ (၎င်းတို့အနက်) ဂိုဏ်းဂဏအသီးသီး အသကအသကတို့သည် မိမိတို့၌ရှိသော (ဝါဒလမ်းစဉ်များ)နှင့်ပင် ကျေနပ်ဝမ်းမြောက်လျက် ရှိကြပေသတည်း။
وَإِذَا مَسَّ النَّاسَ ضُرٌّ دَعَوْا رَبَّهُمْ مُنِيبِينَ إِلَيْهِ ثُمَّ إِذَا أَذَاقَهُمْ مِنْهُ رَحْمَةً إِذَا فَرِيقٌ مِنْهُمْ بِرَبِّهِمْ يُشْرِكُونَ
စင်စစ်သော်ကား လူတို့၌ ဘေးဥပဒ်တစ်စုံတစ်ရာ သက်ရောက်လေသောအခါ ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်တော်သို့ ပြန်လှည့်ကြလျက် ထိုအရှင်မြတ်အား ဟစ်ခေါ် တသကြကုန်၏။ ထို့နောက် ထိုအရှင်မြတ်သည် ၎င်းတို့အား မိမိအထံတော်မှ အနည်းငယ်ကျေးဇူးတော် ရသ��ကို မြည်းစမ်းစေတော်မူသောအခါ ၎င်းတို့အနက် လူတစ်စုသည် မဆိုင်းမငံ့ ရုတ်တရက် ချက်ချင်းပင်လျှင်(အခြားအရာများကို) မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြလေ၏။

Choose other languages: