Quran Apps in many lanuages:

Surah Ar-Rahman Ayahs #39 Translated in Burmese

يُرْسَلُ عَلَيْكُمَا شُوَاظٌ مِنْ نَارٍ وَنُحَاسٌ فَلَا تَنْتَصِرَانِ
အသင်တို့နှစ်ဦး၏ အပေါ်ဝယ် မီးခိုးမပါသော မီးတောက်မီးလျှံသည်လည်းကောင်း၊ (မီးမပါသော)အခိုးများသည်လည်းကောင်း၊ စေလွှတ်ခြင်းခံရလတ္တံ့။ ထိုအခါ အသင်တို့သည် ဖယ်ရှားနိုင်ကြမည်မဟုတ်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ
သို့ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြ အံ့နည်း။
فَإِذَا انْشَقَّتِ السَّمَاءُ فَكَانَتْ وَرْدَةً كَالدِّهَانِ
စင်စစ်သော်ကား အကြင်အခါဝယ် မိုးကောင်းကင်သည် အက်ကွဲ၍ အသားနီကဲ့သို့ နီရဲလာပေမည်။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ
သို့ဖြစ်ပါလျက် အသင်တို့နှစ်ဦးသည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ် ကြအံ့နည်း။
فَيَوْمَئِذٍ لَا يُسْأَلُ عَنْ ذَنْبِهِ إِنْسٌ وَلَا جَانٌّ
စင်စစ် ထိုနေ့တွင် မည်သည့်လူ တစ်ဦးတစ်ယောက်မျှလည်းကောင်း၊ မည်သည့်ဂျင်န် တစ်ဦးတစ်ယောက်မျှလည်းကောင်း၊ မိမိအပြစ်နှင့် စပ်လျဉ်း၍ မေးမြန်းခြင်းခံရမည် မဟုတ်ပေ။

Choose other languages: