Quran Apps in many lanuages:

Surah Ar-Rahman Ayahs #13 Translated in Burmese

وَأَقِيمُوا الْوَزْنَ بِالْقِسْطِ وَلَا تُخْسِرُوا الْمِيزَانَ
ထို့ပြင် အသင်တို့သည် ချိန်တွယ်မှုကို တရားမျှတစွာ စောင့်ထိန်းကြရန်လည်းကောင်း၊ ချိန်တွယ်ရာ၌ ယုတ်လျော့စေခြင်း မရှိစေကြရန်လည်းကောင်း၊
وَالْأَرْضَ وَضَعَهَا لِلْأَنَامِ
ထိုမှတစ်ပါး ပထဝီမြေကို ထိုအရှင်မြတ်သည်ပင် အဖန်ဆင်းခံတို့၏အကျိုးငှာ ထားရှိတော်မူခဲ့၏။
فِيهَا فَاكِهَةٌ وَالنَّخْلُ ذَاتُ الْأَكْمَامِ
ယင်းပထဝီမြေ၌ သစ်သီးဝလံများသည်လည်းကောင်း၊ အစွပ်များဖြင့် ငုံ၊ ညှာတံများဖြင့်အုပ်လျက်ရှိသော စွန်ပလွံပင်များသည်လည်းကောင်း၊
وَالْحَبُّ ذُو الْعَصْفِ وَالرَّيْحَانُ
ဖွဲနုပါသော ကောက်ပဲသီးနှံများသည်လည်းကောင်း၊ အရွက်ရှိသောအစေ့များသည်လည်းကောင်း၊ မွှေးကြိုင်လျက်ရှိသော ပန်းများ အစာအာဟာရများ သည်လည်းကောင်း၊ ရှိကုန်၏။
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ
သို့ပါလျက် (အို-ဂျင်န်နှင့် လူသတ္တဝါအပေါင်းတို့)၊ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်၏ မည်သည့် ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်အံ့နည်း။

Choose other languages: