Quran Apps in many lanuages:

Surah An-Nur Ayahs #48 Translated in Burmese

يُقَلِّبُ اللَّهُ اللَّيْلَ وَالنَّهَارَ ۚ إِنَّ فِي ذَٰلِكَ لَعِبْرَةً لِأُولِي الْأَبْصَارِ
အလ္လာဟ်အရှင်မြတ်သည် ညဉ့်နှင့်နေ့ကို(အလှည့်ကျ) လွှဲပြောင်းတော်မူပေသည်။ ဧကန်မလွဲ ဤသည်၌ (ဉာဏ်)မျက်စိရှိသူတို့အဖို့ (မှတ်သားဖွယ်) သင်ခန်းစာသည် အမှန်ပင် ရှိပေသတည်း။
وَاللَّهُ خَلَقَ كُلَّ دَابَّةٍ مِنْ مَاءٍ ۖ فَمِنْهُمْ مَنْ يَمْشِي عَلَىٰ بَطْنِهِ وَمِنْهُمْ مَنْ يَمْشِي عَلَىٰ رِجْلَيْنِ وَمِنْهُمْ مَنْ يَمْشِي عَلَىٰ أَرْبَعٍ ۚ يَخْلُقُ اللَّهُ مَا يَشَاءُ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် သွားလာလှုပ်ရှားလျက်ရှိသော သတ္တဝါအသီးသီးကို ရေဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။ တစ်ဖန် ထိုသတ္တဝါတို့တွင် မိမိဝမ်းဗိုက်ဖြင့် တွား၍သွားသော သတ္တဝါမျိုးလည်းရှိ၏။ ထို့ပြင် ၎င်းတို့တွင် ခြေနှစ်ချောင်းဖြင့်သွားသော သတ္တဝါမျိုးလည်းရှိ၏။ ထိုမှတစ် ပါး ၎င်းတို့တွင် ခြေလေးချောင်းဖြင့်သွားသော သတ္တဝါမျိုးလည်းရှိ၏။ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောအရာကို ဖန်ဆင်းတော်မူပေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
لَقَدْ أَنْزَلْنَا آيَاتٍ مُبَيِّنَاتٍ ۚ وَاللَّهُ يَهْدِي مَنْ يَشَاءُ إِلَىٰ صِرَاطٍ مُسْتَقِيمٍ
ဧကန်စင်စစ် ငါအရှင်မြတ်သည် ထင်ရှားစွာ သက်သေလက္ခဏာတော်များကို ချပေးသနားတော်မူခဲ့သည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ဖြောင့်မတ်မှန်ကန်သော တရားလမ်းသို့ ညွှန်ပြပို့ဆောင်တော်မူပေသတည်း။
وَيَقُولُونَ آمَنَّا بِاللَّهِ وَبِالرَّسُولِ وَأَطَعْنَا ثُمَّ يَتَوَلَّىٰ فَرِيقٌ مِنْهُمْ مِنْ بَعْدِ ذَٰلِكَ ۚ وَمَا أُولَٰئِكَ بِالْمُؤْمِنِينَ
စင်စစ် ထို(မုနာဖစ်က်တို့က) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ယုံကြည်ပါပြီ။ ၎င်းပြင် ကျွန်ုပ်တို့သည် (အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များနှင့် ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်း) နာခံကြပါပြီဟု ပြောဆိုကြ လေသည်။ တစ်ဖန် ထိုသည့်နောက်တွင် ၎င်းတို့အနက် လူတစ်စုသည် ရှောင်သွေကြလေသည်။ စင်စစ်သော်ကား ၎င်းတို့သည် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သူများ မဟုတ်ကြချေ။
وَإِذَا دُعُوا إِلَى اللَّهِ وَرَسُولِهِ لِيَحْكُمَ بَيْنَهُمْ إِذَا فَرِيقٌ مِنْهُمْ مُعْرِضُونَ
၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ် အထံတော်သို့လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်ထံသို့လည်းကောင်း၊ ထိုရစူလ်တမန်တော်မြတ်သည် ၎င်းတို့အကြား၌ စီရင်ဆုံးဖြတ်ပေးတော်မူအံ့သောငှာ အခေါ်ခံကြရသောအခါ ၎င်းတို့အနက် လူတစ်စုသည် ရုတ်တရက် လွှဲရှောင်သွားကြကုန်၏။

Choose other languages: