Quran Apps in many lanuages:

Surah An-Nisa Ayahs #5 Translated in Burmese

4:1
يَا أَيُّهَا النَّاسُ اتَّقُوا رَبَّكُمُ الَّذِي خَلَقَكُمْ مِنْ نَفْسٍ وَاحِدَةٍ وَخَلَقَ مِنْهَا زَوْجَهَا وَبَثَّ مِنْهُمَا رِجَالًا كَثِيرًا وَنِسَاءً ۚ وَاتَّقُوا اللَّهَ الَّذِي تَسَاءَلُونَ بِهِ وَالْأَرْحَامَ ۚ إِنَّ اللَّهَ كَانَ عَلَيْكُمْ رَقِيبًا
အို- မနုဿလူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ကြောက်ရွံ့ (ရိုသေ) ကြကုန်လော့။ ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုအသက်တစ်ချောင်းတည်းမှပင် ၎င်း၏ကြင်ရာကြင်ဖက်ကိုလည်း ဖန်ဆင်းတော်မူခဲ့လေ၏။ ၎င်းနောက် ထို (လူသား) နှစ်ဦးတို့မှ များပြားလှစွာသော ယောက်ျား၊ မိန်းမတို့ကို ပြန့်ပွားစေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အကြင်အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်လော့။ အသင်တို့သည် ထိုအရှင်မြတ်အားအကြောင်းပြု၍ မိမိတို့အချင်းချင်း (မိမိတို့၏အခွင့်အရေးများကို) တောင်းဆိုကြကုန်၏။ ၎င်းပြင် အသင်တို့သည် ဆွေမျိုးညာတကာ (တို့၏ အခွင့်အရေးများကို ဆုံးရှုံးနစ်နာစေခြင်း) မှလည်း ကြဉ်ရှောင်ကြကုန်လော့။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်ဝယ် ဧကန်စင်စစ် ကြီးကြပ်� ထိန်းသိမ်း။ စောင့်ရှောက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
4:2
وَآتُوا الْيَتَامَىٰ أَمْوَالَهُمْ ۖ وَلَا تَتَبَدَّلُوا الْخَبِيثَ بِالطَّيِّبِ ۖ وَلَا تَأْكُلُوا أَمْوَالَهُمْ إِلَىٰ أَمْوَالِكُمْ ۚ إِنَّهُ كَانَ حُوبًا كَبِيرًا
ထို့ပြင်တဝ အသင်တို့သည် အဖမဲ့ကလေးတို့အား ထိုသူတို့၏ ဥစ္စာပစ္စည်းများကို (သစ္စာရှိစွာဖြင့်) ပြန်၍ ပေးကြကုန်လော့။ ၎င်းပြင် အသင်တို့သည် (မိမိတို့၏ပစ္စည်း) အညံ့ကို (အဖမဲ့တို့၏ပစ္စည်း) အကောင်းနှင့် လဲလှယ်ခြင်းမပြုကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် ထိုအဖမဲ့ကလေးတို့၏ ဥစ္စာပစ္စည်းများကို မိမိတို့၏ ဥစ္စာပစ္စည်းများနှင့် ရောနှောစားသုံးခြင်းကိုလည်း မပြုကြကုန်လင့်။ ယင်းကဲ့သို့ပြုမူခြင်းသည် စင်စစ်ဧကန် ကြီးစွာသော အပြစ်ပင်ဖြစ်ချေ၏။
4:3
وَإِنْ خِفْتُمْ أَلَّا تُقْسِطُوا فِي الْيَتَامَىٰ فَانْكِحُوا مَا طَابَ لَكُمْ مِنَ النِّسَاءِ مَثْنَىٰ وَثُلَاثَ وَرُبَاعَ ۖ فَإِنْ خِفْتُمْ أَلَّا تَعْدِلُوا فَوَاحِدَةً أَوْ مَا مَلَكَتْ أَيْمَانُكُمْ ۚ ذَٰلِكَ أَدْنَىٰ أَلَّا تَعُولُوا
သို့ရာတွင် အကယ်၍ အသင်တို့သည် ဖမဲ့မိန်းကလေးများနှင့် (ထိန်းမြားရာတွင် ထိုမိန်းကလေးတို့၏ အခွင့်အရေးများနှင့်) ပတ်သက်၍ တရားမျှတအောင် ပြုလုပ်နိုင်ကြမည်ဟုတ်ဟု စိုးရိမ်ကြသော် (ထိုမိန်းကလေးနှင့် မထိမ်းမြားကြနှင့်) မိမိတို့နှစ်ခြိုက်သော (အခြား) အမျိုးသမီးများအနက် (ယောက်ျားတစ်ဦးလျှင်) မိန်းမ နှစ်ယောက်စီနှင့်ဖြစ်စေ၊ သို့မဟုတ် မိန်းမသုံးယောက်စီနှင့်ဖြစ်စေ၊ သို့မဟုတ် မိန်းမ လေးယောက်စီနှင့်ဖြစ်စေ ထိမ်းမြားကြကုန်။ တစ်ဖန် အကယ်၍ အသင်တို့သည် (မိန်းမတစ်ယောက်ထက်ပို၍ ထိမ်းမြားရာတွင်) တရားမျှတမှုကို ပြုနိုင်ကြမည်မဟုတ်ဟု စိုးရိမ်မကင်းဖြစ်ကြပြန်သော် (ဇနီးမိန်းမ) တစ်ဦးတည်းနှင့်ပင် (တင်းတိမ်ကြရမည်) ။ သို့မဟုတ်ပါမူ (တရားတော်အရ) မိမိတို့လက်အောက်ပိုင်ဆိုင်သော ကျွန်မိန်းမနှင့်ပင် တင်းတိမ်ကြရမည်။ ဤသည် အသင်တို့ စ�်းကမ်းကျူးလွန်မှု မပြုကြရန် အနီးစပ်ဆုံး (အသင့်လျော်ဆုံးနည်းပင်) ဖြစ်ချေသည်။
4:4
وَآتُوا النِّسَاءَ صَدُقَاتِهِنَّ نِحْلَةً ۚ فَإِنْ طِبْنَ لَكُمْ عَنْ شَيْءٍ مِنْهُ نَفْسًا فَكُلُوهُ هَنِيئًا مَرِيئًا
ထို့ပြင်တဝ အသင်တို့သည် (မိမိတို့၏) ဇနီးမိန်းမတို့အား ၎င်းတို့၏ ‘မဟရ်’ ကို ကြည်ဖြူစွာ ပေးကြကုန်လော့။ သို့ရာတွင် အကယ်၍ ထိုဇနီးမိန်းမတို့က ယင်း ‘မဟရ်’ အနက်မှ တချို့တစ်ဝက်ကို (သော်လည်းကောင်း၊ အားလုံးကိုသော်လည်းကောင်း) အသင်တို့အဖို့ သဒ္ဓါစိတ်ကြည်ဖြူစွာနှင့် စွန့်လွှတ်ကြပါလျှင် အသင်တို့သည် (စွန့်လွှတ်သော) ထို ‘မဟရ်’ ကို အရသာရှိရှိ မြိန်ရှက်စွာ စားသုံးနိုင်ကြသည်။
4:5
وَلَا تُؤْتُوا السُّفَهَاءَ أَمْوَالَكُمُ الَّتِي جَعَلَ اللَّهُ لَكُمْ قِيَامًا وَارْزُقُوهُمْ فِيهَا وَاكْسُوهُمْ وَقُولُوا لَهُمْ قَوْلًا مَعْرُوفًا
၎င်းပြင် အသင်တို့သည် မိမိတို့ (ထံ၌ ထိန်းသိမ်းထားသော ဖမဲ့ကလေးများ၏) ဥစ္စာပစ္စည်းများကို အသိအလိမ္မာ ဉာဏ်ပညာနည်းပါးသောသူတို့အား မပေးကြကုန်လင့်။ အလ္လာဟ်အရှင်မြတ်သည် ထိုဥစ္စာပစ္စည်းများကို အသင်တို့အဖို့ အသက်မွေးဝမ်းကျောင်းမှုအတွက် အရင်းအနှီးအဖြစ် ပြုထားတော်မူသည်။ သို့ရာတွင် အသင်တို့သည် ထိုဥစ္စာပစ္စည်းများအနက်မှ ထိုသူတို့အား ကျွေးမွေးကြလေကုန်၊ ၎င်းပြင် ထိုသူတို့အား ဝတ်စားတန်ဆာ ဆင်ယင်ပေးကြလေကုန်။ ၎င်းပြင် ထိုသူတို့အား ကောင်းမွန်သောစကားကို ပြောဆိုသွန်သင် ဆုံးမကြလေကုန်။

Choose other languages: