Quran Apps in many lanuages:

Surah An-Nisa Ayah #173 Translated in Burmese

فَأَمَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فَيُوَفِّيهِمْ أُجُورَهُمْ وَيَزِيدُهُمْ مِنْ فَضْلِهِ ۖ وَأَمَّا الَّذِينَ اسْتَنْكَفُوا وَاسْتَكْبَرُوا فَيُعَذِّبُهُمْ عَذَابًا أَلِيمًا وَلَا يَجِدُونَ لَهُمْ مِنْ دُونِ اللَّهِ وَلِيًّا وَلَا نَصِيرًا
တစ်ဖန် ထိုအရှင်မြတ်သည် ‘အီမာန်’ သဒ္ဒါတရားထားရှိ၍ ကောင်းမြတ်သောကိုယ်ကျင့်တရားများ ဆောက်တည်ကြကုန်သောသူတို့အား ၎င်းတို့၏ကုသိုလ်အကျိုးတို့ကို အပြည့်အစုံ ပေးသနားတော်မူအံ့။ ၎င်းပြင် မိမိကျေးဇူးတော်ဖြင့်လည်း ထိုသူတို့အား ပိုမိုချီးမြှင့်တော်မူအံ့။ သို့ရာတွင် အကြင်သူတို့သည် (ထိုအရှင်မြတ်၏ကျွန်ဖြစ်ခြင်းကို) ရ�ံ့ရှာစက်ဆုပ်၍ မာန်မာနထောင်လွှားခဲ့ကြ၏။ ထိုသူတို့ကို ထိုအရှင်မြတ်သည် ပြင်းပြနာကျင်ဖွယ်ရာဖြစ်သော အပြစ်ဒဏ်ကို ပေးတော်မူလတ္တံ့။ ၎င်းပြင် ထိုသူတို့သည် မိမိတို့အဖို့ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ အဆွေခင်ပွန်းအဖြစ်နှင့်လည်းကောင်း၊ ကူညီစောင်မမည့်သူအဖြစ်လည်းကောင်း တွေ့ရှိကြရမည်မဟုတ်ချေ။

Choose other languages: