Quran Apps in many lanuages:

Surah An-Naml Ayahs #81 Translated in Burmese

وَإِنَّهُ لَهُدًى وَرَحْمَةٌ لِلْمُؤْمِنِينَ
၎င်းပြင် ဧကန်မလွဲ ယင်းကုရ်အာန်ကျမ်းမြတ်သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အဖို့ တရားလမ်းညွှန်သည်လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း၊ ဖြစ်လေ၏။
إِنَّ رَبَّكَ يَقْضِي بَيْنَهُمْ بِحُكْمِهِ ۚ وَهُوَ الْعَزِيزُ الْعَلِيمُ
မလွဲဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့၏အကြားဝယ်၊ မိမိ အမိန့်တော်ဖြင့် စီရင်ဆုံးဖြတ်တော်မူပေမည်။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူ၏။
فَتَوَكَّلْ عَلَى اللَّهِ ۖ إِنَّكَ عَلَى الْحَقِّ الْمُبِينِ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊)အသင်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံပုံလွှဲအပ်ပါလေ။ ဧကန်မလွဲ အသင်သည် ထင်ရှားစွာသော အမှန်တရားအပေါ်၌ပင် တည်ရှိနေပေသည်။
إِنَّكَ لَا تُسْمِعُ الْمَوْتَىٰ وَلَا تُسْمِعُ الصُّمَّ الدُّعَاءَ إِذَا وَلَّوْا مُدْبِرِينَ
ဧကန်စင်စစ် အသင်သည် သူသေတို့အား ကြားစေနိုင်သည် မဟုတ်ပေ။ ထိုနည်းတူစွာ နားပင်းသူတို့အားလည်း ၎င်းတို့သည် ကျောခိုင်းကြလျက် ပြန်၍ လှည့်သွားကြသောအခါ အသင်သည် ကြားစေနိုင်သည် မဟုတ်ပေ။
وَمَا أَنْتَ بِهَادِي الْعُمْيِ عَنْ ضَلَالَتِهِمْ ۖ إِنْ تُسْمِعُ إِلَّا مَنْ يُؤْمِنُ بِآيَاتِنَا فَهُمْ مُسْلِمُونَ
ထိုမှတစ်ပါး အသင်သည် မျက်စိကန်းသူတို့အားလည်း ၎င်းတို့၏ လမ်းလွဲမှုမှ(တရားလမ်းမှန်သို့ ရောက်ရှိအံ့သောငှာ) လမ်းညွှန်နိုင်သူ မဟုတ်ပေ။ ငါအရှင်မြတ်၏ အာယတ်တော်များကို ယုံကြည်ပြီးနောက် အမိန့်တော်ကို လိုက်နာသူတို့အားသာလျှင် အသင်ကြားစေနိုင်သည် ဖြစ်ပေသတည်း။

Choose other languages: