Quran Apps in many lanuages:

Surah An-Naml Ayahs #61 Translated in Burmese

فَأَنْجَيْنَاهُ وَأَهْلَهُ إِلَّا امْرَأَتَهُ قَدَّرْنَاهَا مِنَ الْغَابِرِينَ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုလူ(တ်)အားလည်းကောင်း၊ ထိုလူ(တ်)နှင့်ပက်သက်သော သူတို့အားလည်းကောင်း၊ ကယ်ဆယ်တော်မူခဲ့၏။ သို့�ာတွင် ထိုလူ(တ်)၏ဇနီးမှာမူ ငါအရှင်မြတ်သည် ၎င်းအား ကျန်ရစ်သူတို့တွင် သတ်မှတ်တော်မူခဲ့၏။
وَأَمْطَرْنَا عَلَيْهِمْ مَطَرًا ۖ فَسَاءَ مَطَرُ الْمُنْذَرِينَ
၎င်းပြင် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးတစ်မျိုးကို ရွာသွန်းစေတော်မူခဲ့၏။ စင်စစ် သတိပေးနှိုးဆော်ခြင်း ခံခဲ့ကြရသောသူတို့၏ မိုးမှာ အလွန်ဆိုးရွားခဲ့ပေသတည်း။
قُلِ الْحَمْدُ لِلَّهِ وَسَلَامٌ عَلَىٰ عِبَادِهِ الَّذِينَ اصْطَفَىٰ ۗ آللَّهُ خَيْرٌ أَمَّا يُشْرِكُونَ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ ချီးမွမ်းထောပနာအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့်သာထိုက်၏။ ၎င်းပြင် ငြိမ်းချမ်းသာယာမှုသည် ထိုအရှင်မြတ် ရွေးချယ်တော်မူခဲ့သော ကျွန်များအပေါ်၌ ရောက်ပါစေသား။ အလ္လာဟ်အရှင်မြတ်သည် သာ၍ မြင့်မြတ်တော်မူပါသလော၊ သို့တည်းမဟုတ် ၎င်းတို့(အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသောအရာများသည်(သာ၍မြင့်မြတ်ကြ လေသလော။)
أَمَّنْ خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَأَنْزَلَ لَكُمْ مِنَ السَّمَاءِ مَاءً فَأَنْبَتْنَا بِهِ حَدَائِقَ ذَاتَ بَهْجَةٍ مَا كَانَ لَكُمْ أَنْ تُنْبِتُوا شَجَرَهَا ۗ أَإِلَٰهٌ مَعَ اللَّهِ ۚ بَلْ هُمْ قَوْمٌ يَعْدِلُونَ
(ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင် (မြင့်မြတ်တော်မူပါသလော)။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း ဖန်ဆင်းတော်ခဲ့၏။ ထိုမှတပါး ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ မိုးကောင်းကင်မှ (မိုး)ရေကိုချပေးသနားတော်မူခဲ့၏။တစ်ဖန် ငါအရှင်မြတ်သည် ထိုရေဖြင့် စိုပြည်သာယာသော ခြံဥယျာဉ်များကို ပေါက်ရောက်စေတော်မူခဲ့၏။ အသင်တို့၌မူကား ထိုခြံဥယျာဉ်များ၏ သစ်ပင်များကို ပေါက်ရောက်စေနိုင်စွမ်း မရှိပြီ။ အလ္လာဟ်အရှင်မြတ်နှင့်အတူ (အခြား) ဆည်းကပ်ကိုးကွယ်ရာ ဟူ၍ ရှိပါသေးသလော။ ထိုသို့ အလျှင်းမဟုတ်။စင်စစ်မှာကား (၎င်းတို့သည် အမှန်တရားမှ သွေဖည်သူများပင်ဖြစ်ကြကုန်သတည်း။) [(တစ်နည်း) ၎င်းတို့ သည်(အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်) ဂုဏ်ရည်တူပြုလုပ်သူများပင် ဖြစ်ကြကုန်သတည်း၊
أَمَّنْ جَعَلَ الْأَرْضَ قَرَارًا وَجَعَلَ خِلَالَهَا أَنْهَارًا وَجَعَلَ لَهَا رَوَاسِيَ وَجَعَلَ بَيْنَ الْبَحْرَيْنِ حَاجِزًا ۗ أَإِلَٰهٌ مَعَ اللَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ
(ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော)။ ထိုအရှင်မြတ်သည် ပထဝီမြေကို မှီတင်းနေထိုင်ရာ ပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေ၏အကြား၌ ရေချောင်းများကို ဖန်ဆင်းတော်မူခဲ့၏။၎င်းပြင် ထိုအရှင်မြတ်သည် ထိုပထဝီမြေ(တည်ငြိမ်စေရန်)အလို့ငှာ တောင်များက(ကျောက်ဆူးများအဖြစ်) ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မြစ်နှစ်ခု၏ အကြားဝယ် အတားအဆီးကို ပြုလုပ်တော်မူခဲ့၏။ အလ္လာဟ်အရှင်မြတ်နှင့်အတူ(အခြား)ဆည်းကပ် ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ ထိုသို့ အလျှင်း မဟုတ်။ စင်စစ်မှာကား ၎င်းတို့အနက် မြောက်မြားစွာသောသူတို့သည် မသိနားမလည်ကြပေ။

Choose other languages: