Quran Apps in many lanuages:

Surah An-Naml Ayahs #36 Translated in Burmese

قَالَتْ يَا أَيُّهَا الْمَلَأُ أَفْتُونِي فِي أَمْرِي مَا كُنْتُ قَاطِعَةً أَمْرًا حَتَّىٰ تَشْهَدُونِ
ထို(ရှီဗာဘုရင်မ)က အို-မှူးမတ်အပေါင်းတို့။အသင်တို့သည် ကျွန်မ၏အရေးနှင့်စပ်လျဉ်း၍ ကျွန်မအား အကြံဉာဏ်ပေးကြလေကုန်။ အသင်တို့သည် ကျွန်မ၏အပါး၌ မရှိသမျှကာလပတ်လုံး ကျွန်မသည် မည်သည့်ကိစ္စကိုမျှပင် စီရင်ဆုံးဖြတ်လေ့မရှိပါဟု ပြောကြားခဲ့လေ၏။
قَالُوا نَحْنُ أُولُو قُوَّةٍ وَأُولُو بَأْسٍ شَدِيدٍ وَالْأَمْرُ إِلَيْكِ فَانْظُرِي مَاذَا تَأْمُرِينَ
ထိုမှူးမတ်တို့က ကျွန်ုပ်တို့သည် ခွန်အားရှိသူများ၊ တိုက်ခိုက်မှုကို ပြင်းထန်စွာ ဝါသနာထုံသူများ ဖြစ်ကြပါသည်။သို့ရာတွင် အမိန့်အာဏာသည်ကား အသင် ဘုရင်မ၏လက်တွင်း၌သာရှိပေရာ အသင်ဘုရင်မသည် မည်သို့အမိန့်ပေးမည်ကို (ဆင်ခြင်)ပါလော့ဟု လျှောက်ထားခဲ့ကြကုန်၏။
قَالَتْ إِنَّ الْمُلُوكَ إِذَا دَخَلُوا قَرْيَةً أَفْسَدُوهَا وَجَعَلُوا أَعِزَّةَ أَهْلِهَا أَذِلَّةً ۖ وَكَذَٰلِكَ يَفْعَلُونَ
ထို(ရှီဗာဘုရင်မ)က ပြောကြားခဲ့လေ၏။ ဧကန်မလွဲ ဘုရင်မင်းတို့ မည်သည် မြို့ရွာတစ်ခုသို့ ဝင်ရောက်ကြလေသောအခါ ထိုမြို့ရွာကို ဖျက်ဆီးလေ့ရှိကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ယင်းမြို့ရွာမှ ဂုဏ်အသရေရှိသူတို့အား ဂုဏ်အသရေသေးသိမ်သူများ ဖြစ်စေကြကုန်၏။ ၎င်းတို့သည်လည်း ဤအတိုင်းပင် ပြုမူကြပေမည်။
وَإِنِّي مُرْسِلَةٌ إِلَيْهِمْ بِهَدِيَّةٍ فَنَاظِرَةٌ بِمَ يَرْجِعُ الْمُرْسَلُونَ
သို့ရာတွင် ကျွန်မမူကား ၎င်းတို့ထံ လက်ဆောင်ပဏ္ဏာတစ်စုံတစ်ခုကို ပေးပို့ပြီးနောက် စေတမန်တို့သည် မည်သို့သော ပြန်ကြားချက် ယူဆောင်လာကြသည်ကို (စောင့်၍)ကြည့်မည်။
فَلَمَّا جَاءَ سُلَيْمَانَ قَالَ أَتُمِدُّونَنِ بِمَالٍ فَمَا آتَانِيَ اللَّهُ خَيْرٌ مِمَّا آتَاكُمْ بَلْ أَنْتُمْ بِهَدِيَّتِكُمْ تَفْرَحُونَ
ထို့နောက် ထို(သံတမန်တို့)သည် စုလိုင်မာန်၏ထံသို့ ရောက်ရှိခဲ့လေသော် ထိုစုလိုင်မာန်က(ဤသို့)ပြောကြားခဲ့၏။အသင်တို့သည် ငါ့အား ပစ္စည်းဥစ္စာဖြင့် ကူညီလိုကြလေသလော။စင်စစ် ငါ့အား အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားထားတော်မူသည်များမှာ ထိုအရှင်မြတ်က အသင်တို့အား ချီးမြှင့်ပေးသနား ထားတော်မူသည်တို့ထက်ပင် ပိုမို၍ ကောင်းမြတ်လှပေသည်။ စင်စစ်မှာကား အသင်တို့သည်ပင်လျှင် မိမိတို့၏လက်ဆောင်ပဏ္ဏာနှင့် မော်ကြွားလျက် ရှိကြပေမည်။

Choose other languages: