Quran Apps in many lanuages:

Surah An-Najm Ayahs #11 Translated in Burmese

وَهُوَ بِالْأُفُقِ الْأَعْلَىٰ
ထိုစဉ်အခါဝယ် ထို(ကောင်းကင်တမန်)သည် မြင့်စွင့်လှစွာသော မိုးကုပ်စက်ဝိုင်း၌ ရှိနေခဲ့၏။
ثُمَّ دَنَا فَتَدَلَّىٰ
ထို့နောက် ထို(ကောင်းကင်တမန်)သည် ချဉ်းကပ်၍ လာခဲ့၏။ ထို့နောက်တစ်ဖန် ထပ်မံ၍ ချဉ်းကပ်ခဲ့ပေရာ။
فَكَانَ قَابَ قَوْسَيْنِ أَوْ أَدْنَىٰ
လေးနှစ်ပြန်မျှသာ ဝေးကွာလေတော့၏။စင်စစ် ထို့ထက်ပင် ပို၍ နီးကပ်စွာရှိခဲ့လေ၏။
فَأَوْحَىٰ إِلَىٰ عَبْدِهِ مَا أَوْحَىٰ
ထိုအခါ ထိုအရှင်မြတ်သည် မိမိ၏ကျွန်(မုဟမ္မဒ်)ထံသို့ မိမိထုတ်ပြန်(လိုသော)ထုတ်ပြန်ချက်များကို ထုတ်ပြန်တော်မူခဲ့လေ၏။
مَا كَذَبَ الْفُؤَادُ مَا رَأَىٰ
(ထိုအသင်တို့အဖော်၏)စိတ်နှလုံးသည် တွေ့မြင်ခဲ့သော အရာများနှင့်စပ်လျဉ်း၍ မှားယွင်းခြင်း မရှိခဲ့ပေ။

Choose other languages: