Quran Apps in many lanuages:

Surah An-Najm Ayahs #14 Translated in Burmese

فَأَوْحَىٰ إِلَىٰ عَبْدِهِ مَا أَوْحَىٰ
ထိုအခါ ထိုအရှင်မြတ်သည် မိမိ၏ကျွန်(မုဟမ္မဒ်)ထံသို့ မိမိထုတ်ပြန်(လိုသော)ထုတ်ပြန်ချက်များကို ထုတ်ပြန်တော်မူခဲ့လေ၏။
مَا كَذَبَ الْفُؤَادُ مَا رَأَىٰ
(ထိုအသင်တို့အဖော်၏)စိတ်နှလုံးသည် တွေ့မြင်ခဲ့သော အရာများနှင့်စပ်လျဉ်း၍ မှားယွင်းခြင်း မရှိခဲ့ပေ။
أَفَتُمَارُونَهُ عَلَىٰ مَا يَرَىٰ
သို့ပါလျက် အသင်တို့သည် ထိုအဖော်နှင့် ၎င်းတွေ့မြင်ခဲ့သော အရာများတွင် အငြင်းအခုံ ပြုနေကြလေသလော။
وَلَقَدْ رَآهُ نَزْلَةً أُخْرَىٰ
ထိုမှတစ်ပါး ထိုအဖော်သည် ထို(ကောင်းကင်တမန်)အား ဒုတိယအကြိမ် ဆင်းသက်ရာ၌ မုချဧကန်တွေ့မြင်ခဲ့၏။
عِنْدَ سِدْرَةِ الْمُنْتَهَىٰ
နယ်စွန်နယ်ဖျား၌ရှိသော ဆီးပင် ‘စစ်ဒ်ရတုလ်မွန်တဟာ’ ဆီးပင်၏အနီးတွင်။

Choose other languages: