Quran Apps in many lanuages:

Surah An-Najm Ayahs #46 Translated in Burmese

وَأَنَّ إِلَىٰ رَبِّكَ الْمُنْتَهَىٰ
၎င်းပြင် (အို-နဗီတမန်တော်၊) ဧကန်အမှန် လမ်းဆုံးမှာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ ဖြစ်သည်ဟူ၍လည်းကောင်း၊
وَأَنَّهُ هُوَ أَضْحَكَ وَأَبْكَىٰ
စင်စစ်ဧကန် ထိုအရှင်မြတ်သည်ပင် ရယ်စေတော်မူသည်၊ ငိုကြွေးစေတော်မူသည်ဟူ၍လည်းကောင်း၊
وَأَنَّهُ هُوَ أَمَاتَ وَأَحْيَا
ထိုအရှင်မြတ်သည် မချွတ်မလွဲ သေစေတော်မူသည်၊ ရှင်စေတော်မူသည်ဟူ၍လည်းကောင်း၊
وَأَنَّهُ خَلَقَ الزَّوْجَيْنِ الذَّكَرَ وَالْأُنْثَىٰ
ဧကန်စင်စစ် ထိုအရှင်မြတ်သည်ပင် ဖိုနှင့်မ နှစ်မျိုးနှစ်စားလုံးကို ဖန်ဆင်းတော်မူခဲ့သည် ဟူ၍ လည်းကောင်း၊
مِنْ نُطْفَةٍ إِذَا تُمْنَىٰ
ကလလရေကြည်ဖြင့်၊ ယင်းကလလရေကြည်သည် သွန်းလောင်းခြင်းခံရသောအခါ၊

Choose other languages: