Quran Apps in many lanuages:

Surah An-Najm Ayahs #42 Translated in Burmese

أَلَّا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ
ဧကန်စင်စစ် မည်သည့်သယ်ပိုးသူ တစ်ဦးတစ်ယောက်မျှပင် သူတစ်ပါး၏ဝန်ထုပ်ကို သယ်ပိုး ရွက်ဆောင်မည်မဟုတ် ဟူ၍လည်းကောင်း။
وَأَنْ لَيْسَ لِلْإِنْسَانِ إِلَّا مَا سَعَىٰ
ဧကန်မလွဲ မနုဿလူသား၌ ၎င်း၏ ကြိုးပမ်းဆောင်ရွက်ချက်သာလျှင် ရှိမည်ဟူ၍လည်းကောင်း၊
وَأَنَّ سَعْيَهُ سَوْفَ يُرَىٰ
မုချဧကန် ထိုမနုဿလူသား၏ ကြိုးပမ်း ဆောင်ရွက်ချက်မှာ မကြာမြင့်မီပင် တွေ့မြင်ရမည်ဟူ၍ လည်းကောင်း၊
ثُمَّ يُجْزَاهُ الْجَزَاءَ الْأَوْفَىٰ
ထို့နောက် ထိုမနုဿ လူသားသည် ယင်းကြိုးပမ်းမှုနှင့်စပ်လျဉ်း၍ လွန်စွာပြည့်စုံသော အစားပေးခြင်းကို ခံရမည်ဟူ၍ လည်းကောင်း၊ (သတင်းပေးခြင်း မခံခဲ့ရလေသလော)။
وَأَنَّ إِلَىٰ رَبِّكَ الْمُنْتَهَىٰ
၎င်းပြင် (အို-နဗီတမန်တော်၊) ဧကန်အမှန် လမ်းဆုံးမှာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ ဖြစ်သည်ဟူ၍လည်းကောင်း၊

Choose other languages: