Quran Apps in many lanuages:

Surah An-Nahl Ayahs #64 Translated in Burmese

لِلَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ مَثَلُ السَّوْءِ ۖ وَلِلَّهِ الْمَثَلُ الْأَعْلَىٰ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ
နောင်တမလွန်ဘဝကို မယုံကြည်ကြသောသူတို့၌ မကောင်းသော အရည်အချင်းရှိ၏။ သို့ရာတွင်အလ္လာဟ်အရှင် မြတ်၌မူကား မြင့်မြတ်လှစွာသော အရည်အချင်းများသည်ရှိကုန်၏။ ၎င်းပြင် ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့်လွှမ်းမိုးတော်မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူ၏။
وَلَوْ يُؤَاخِذُ اللَّهُ النَّاسَ بِظُلْمِهِمْ مَا تَرَكَ عَلَيْهَا مِنْ دَابَّةٍ وَلَٰكِنْ يُؤَخِّرُهُمْ إِلَىٰ أَجَلٍ مُسَمًّى ۖ فَإِذَا جَاءَ أَجَلُهُمْ لَا يَسْتَأْخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ
စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် လူတို့အာ်း့၎င်းတို့၏ မတရားမှုကြောင့် (ရုတ်တရက်ချက်ချင်း)ဖမ်းဆီးကွပ်မျက်တော်မူပါလျှင်(ဤပထဝီမြေ)ပေါ်ဝယ် သွားလာလှုပ်ရှားသော သတ္တဝါတစ်စုံတစ်ခုကိုမျှ ချန်ထားတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည်၎င်းတို့အား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ရွှေ့ဆိုင်းတော်မူလေသည်။ တစ်ဖန် ၎င်းတို့၏အချိန်ကာလသည် ဆိုက်ရောက်လာသောအခါ၊ ၎င်းတို့သည် တစ်နာရီမျှပင် နောက်သို့ ဆုတ်နိုင်ကြမည်လည်း မဟုတ်ပေ။ ရှေ့သို့တိုးနိုင်ကြမည်လည်း မဟုတ်ပါပေတကား။
وَيَجْعَلُونَ لِلَّهِ مَا يَكْرَهُونَ وَتَصِفُ أَلْسِنَتُهُمُ الْكَذِبَ أَنَّ لَهُمُ الْحُسْنَىٰ ۖ لَا جَرَمَ أَنَّ لَهُمُ النَّارَ وَأَنَّهُمْ مُفْرَطُونَ
ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့ စက်ဆုပ်ကြကုန်သောအရာများကို အလ္လာဟ်အရှင်မြတ်၌ရှိသည်ဟု ယိုးစွပ်ကြပေသည်။ သို့ပါလျက် ၎င်းတို့၏နှုတ်(လျှာ)များသည် ဧကန်စင်စစ် ၎င်းတို့အဖို့ ကောင်းကျိုးချမ်းသာရှိသည်ဟူ၍ပင်မုသားပြောဆိုကြသေးသည်။ မချွတ်မလွဲ ၎င်းတို့အဖို့ ငရဲမီးသည်(အဆင်သင့်)ရှိပေသည်။ ထိုမှတစ်ပါး ဧကန်စင်စစ် ၎င်းတို့သည်(ယင်းငရဲမီးထဲသို့)ရှေးဦးစွာပို့ဆောင်ခြင်း ခံကြရမည့်သူများပင် ဖြစ်ကုန်သတည်း။
تَاللَّهِ لَقَدْ أَرْسَلْنَا إِلَىٰ أُمَمٍ مِنْ قَبْلِكَ فَزَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ فَهُوَ وَلِيُّهُمُ الْيَوْمَ وَلَهُمْ عَذَابٌ أَلِيمٌ
အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်၏အလျင် အုပ်စုအသီးသီးထံသို့(ရစူလ်တမန်တော်များကို) စေလွှတ်တော်မူခဲ့လေသည်။ သို့ရာတွင်ရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့၏ပြုကျင့်မှုများကို ၎င်းတို့၏အမြင်တွင်လည်း လှပတင့်တယ်အောင် ပြုလုပ်ခဲ့လေသည်။သို့ဖြစ်ပေရာ ယင်းရှိုင်တွာန်မိစ္ဆာကောင်သည် ယနေ့လည်း၎င်းတို့၏ အဆွေခင်ပွန်းပင် ဖြစ်ပေသည်။ ထိုမှတစ်ပါး ၎င်းတို့၌ ပြင်းပြနာကျင်ဖွယ် ပြစ်ဒဏ်ရှိချေသည်။
وَمَا أَنْزَلْنَا عَلَيْكَ الْكِتَابَ إِلَّا لِتُبَيِّنَ لَهُمُ الَّذِي اخْتَلَفُوا فِيهِ ۙ وَهُدًى وَرَحْمَةً لِقَوْمٍ يُؤْمِنُونَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင်၏အပေါ်၌ ကျမ်းတော်မြတ်ကို ချပေးသနားတော်မူခဲ့သည်မှာအသင်သည် ၎င်းတို့အား ၎င်းတို့ကွဲလွဲချက် ရှိခဲ့ကြသောအကြောင်းကို ရှင်းလင်းအံ့သောငှာသာ လည်းကောင်း၊ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ ကရုဏာတော် အဖြစ်လည်းကောင်း ချပေးတော်မူခဲ့ခြင်းသာ ဖြစ်ပေသတည်း။

Choose other languages: