Quran Apps in many lanuages:

Surah An-Nahl Ayahs #8 Translated in Burmese

خَلَقَ الْإِنْسَانَ مِنْ نُطْفَةٍ فَإِذَا هُوَ خَصِيمٌ مُبِينٌ
ထိုအရှင်မြတ်သည် လူသားကို ကလလရေကြည်တစ်စက်ဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။ သို့ဖြစ်ပါလျက်၎င်းတို့သည် ရုတ်တရက် ထင်ရှားသော အန်တုသူ ဖြစ်လာ၏။
وَالْأَنْعَامَ خَلَقَهَا ۗ لَكُمْ فِيهَا دِفْءٌ وَمَنَافِعُ وَمِنْهَا تَأْكُلُونَ
၎င်းပြင် ထိုအရှင်မြတ်သည် အခြေလေးချောင်းတိရိစ္ဆာန်များကိုလည်း ဖန်ဆင်းတော်မူခဲ့လေသည်။ အသင်တို့အဖို့ ထိုခြေလေးချောင်းတိရစ္ဆာန်များ၌ အနွေးထည်သည်လည်းကောင်း၊ အခြားအကျိုးကျေးဇူးများသည်လည်းကောင်း၊ ရှိပေသည်။ ထိုမှတစ်ပါး အသင်တို့သည် ယင်းခြေလေးချောင်း တိရစ္ဆာန်များ အနက်မှပင် (စားဖွယ်ရာများကို) စားသုံးကြကုန်၏။
وَلَكُمْ فِيهَا جَمَالٌ حِينَ تُرِيحُونَ وَحِينَ تَسْرَحُونَ
၎င်းပြင် အသင်တို့အဖို့ ယင်းခြေလေးချောင်းတိရစ္ဆာန်များတွင် အသင်တို့သည်(၎င်းတို့ကို)ညနေချမ်းတွင်စားကျက်မှ (အိမ်သို့) ပြန်သွင်းလာကြ သောအချိန်၌လည်းကောင်း၊ အသင်တို့သည် နံနက်ယံတွင် စားကျက်သို့လွှတ်ကြသောအချိန်၌လည်းကောင်း၊ နစှ လ် ဖို ယွ အ် ကြောင်း လည်း ရေှိ ပသည။်
وَتَحْمِلُ أَثْقَالَكُمْ إِلَىٰ بَلَدٍ لَمْ تَكُونُوا بَالِغِيهِ إِلَّا بِشِقِّ الْأَنْفُسِ ۚ إِنَّ رَبَّكُمْ لَرَءُوفٌ رَحِيمٌ
ထိုမှတစ်ပါး ယင်းခြေလေးချောင်းတိရစ္ဆာန်များသည် အသင်တို့၏ ဝန်စည်စလယ်များကို အသင်တို့ အလွန်အမင်း ခဲယဉ်းစွာသာလျှင် ရောက်ရှိနိုင်ကြသောမြို့ရွာသို့ သယ်ပိုး(၍ပို့ဆောင်)ခြင်းကိုလည်း ပြုကြကုန်သည်။ ဧကန်စင်စစ်အသင်တို့၏အရှင်မြတ်သည် အလွန်တရာ နူးညံ့သိမ်မွေ့တော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာ တာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
وَالْخَيْلَ وَالْبِغَالَ وَالْحَمِيرَ لِتَرْكَبُوهَا وَزِينَةً ۚ وَيَخْلُقُ مَا لَا تَعْلَمُونَ
၎င်းပြင် (ထိုအရှင်မြတ်သည်ပင်လျှင်)မြင်း၊ လားနှင့်မြည်းတိရစ္ဆာန်များကိုလည်း အသင်တို့သည် ၎င်းတို့ကို စီးနင်းကြရန်လည်းကောင်း၊ (အသင်တို့အဖို့)လှပတင့်တယ်မှုရှိစေရန်လည်းကောင်း၊ (ဖန်ဆင်းတော်မူခဲ့ပေသည်)။ ထိုနည်းတူစွာထိုအရှင်မြတ်သည် အသင်တို့မသိကြသော (မြောက်များစွာသော)အရာများကိုလည်း ဖန်ဆင်းတော်မူလေသည်။

Choose other languages: