Quran Apps in many lanuages:

Surah An-Nahl Ayahs #13 Translated in Burmese

وَعَلَى اللَّهِ قَصْدُ السَّبِيلِ وَمِنْهَا جَائِرٌ ۚ وَلَوْ شَاءَ لَهَدَاكُمْ أَجْمَعِينَ
စင်စစ်သော်ကား ဖြောင့်မှန်သော လမ်းကိုပြတော်မူရန်မှာ အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် တည်ရှိပေသည်။ စင်စစ် ထိုလမ်းများအနက် ကွေ့ ကောက်သောလမ်းများသည်လည်းရှိပေသည်။ သို့ရာတွင် အကယ်၍သာ ထိုအရှင်မြတ်သည် အလိုရှိတော် မူခဲ့ပါလျှင် အသင်တို့အားလုံးကိုတရားလမ်းမှန်ကို ပြတော်မူခဲ့ပြီး ဖြစ်ပေသတည်း။
هُوَ الَّذِي أَنْزَلَ مِنَ السَّمَاءِ مَاءً ۖ لَكُمْ مِنْهُ شَرَابٌ وَمِنْهُ شَجَرٌ فِيهِ تُسِيمُونَ
ထို(အလ္လာဟ်)အရှင်မြတ်သည်ပင်လျှင် (အသင်တို့အဖို့) မိုးကောင်းကင်မှ ရေကိုချပေးတော်မူခဲ့သော အရှင်ဖြစ်တော်မူ၏။ ထိုရေမှပင် အသင်တို့သည် သောက်သုံးကြကုန်၏။ ၎င်းပြင် ထိုရေကြောင့်ပင် (သစ်ပင်၊ မြက်ပင်စသည်ဖြင့်၊အမျိုးမျိုးသော)အပင်(များ)သည် ပေါက်ရောက်လေသည်။အသင်တို့သည် ထိုအပင်များ၌ပင်(တိရစ္ဆာန်များကို) ထိန်းကျောင်းကြပေသည်။
يُنْبِتُ لَكُمْ بِهِ الزَّرْعَ وَالزَّيْتُونَ وَالنَّخِيلَ وَالْأَعْنَابَ وَمِنْ كُلِّ الثَّمَرَاتِ ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَتَفَكَّرُونَ
ထိုအရှင်မြတ်သည် အသင်တို့၏အကျိုးငှာ ထိုရေဖြင့် ကောက်ပဲသီးနှံများကိုလည်းကောင်း၊ သံလွင်ပင် များကိုလည်းကောင်း၊ စွန်ပလွံပင်များကိုလည်းကောင်း၊ စပျစ်(ပင်)များကိုလည်းကောင်း၊ သီးနှံမျိုးစုံတို့ကို လည်းကောင်း၊ ပေါက်ရောက်စေတော်မူ၏။ ဧကန်မလွဲ ဤသည်၌စဉ်းစားဆင်ခြင်ချင့်ချိန် သုံးသပ်သူတို့ အဖို့ အမှန်ပင်သက်သေလက္ခဏာသည်ရှိချေသတည်း။
وَسَخَّرَ لَكُمُ اللَّيْلَ وَالنَّهَارَ وَالشَّمْسَ وَالْقَمَرَ ۖ وَالنُّجُومُ مُسَخَّرَاتٌ بِأَمْرِهِ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَعْقِلُونَ
၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အကျိုးငှာ ညဉ့်ကိုလည်းကောင်း၊ နေ့ကိုလည်းကောင်း၊သူရိယနေမင်းကိုလည်းကောင်း၊ လစန္ဒာကိုလည်း ကောင်း၊အမိန့်ကို လိုက်နာစေတော်မူခဲ့၏။ ထိုမှတစ်ပါး ကြယ်နက္ခတ်တို့သည်လည်း ထိုအရှင်မြတ်၏အမိန့်တော်နှင့် လိုက်နာစေခြင်းကိုခံခဲ့ကြရပြီ ဖြစ်၏။ဧကန်မလွဲ ဤသည်၌ နားလည်ကြကုန်သော သူတို့အဖို့သက်သေသာဓကများသည်ရှိကြပေသည်။
وَمَا ذَرَأَ لَكُمْ فِي الْأَرْضِ مُخْتَلِفًا أَلْوَانُهُ ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَذَّكَّرُونَ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ ပထဝီမြေ၌ ဖန်ဆင်းထားတော်မူသော အရာများကိုလည်း(အမိန့်ကိုလိုက်နာစေတော်မူခဲ့လေသည်။) ထိုအရာဝတ္ထုများ၏ အသွေးအရောင် (မျိုး၊မည်၊ ရသာ ရနံ့စသည်တို့မှာတစ်ခုနှင့်တစ်ခု မတူ) ကွဲပြားခြားနားလျက်ပင် ရှိကြပေသည်။မုချဧကန်ဤသည်၌ တရားကျကြသူတို့အဖို့ အမှန်ပင် သက်သေသာဓကသည် ရှိချေသတည်း။

Choose other languages: