Quran Apps in many lanuages:

Surah An-Naba Ayahs #40 Translated in Burmese

جَزَاءً مِنْ رَبِّكَ عَطَاءً حِسَابًا
(ဤသည်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ လုံလောက်စွာ ချီးမြှင့်တော်မူသော အကျိုးဆုလဒ်ပင်တည်း။
رَبِّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا الرَّحْمَٰنِ ۖ لَا يَمْلِكُونَ مِنْهُ خِطَابًا
(အကြင်အရှင်မြတ်သည်) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်း မိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခု၏ အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ပိုင်ဆိုင်တော်မူသောအရှင် (ရဟ်မာန်) မဟာကရုဏာတော်ရှင် ဖြစ်တော်မူပေသည်။ မည်သူတဦးတယောက်မျှပင် ထိုအရှင်မြတ်နှင့် စကားပြောဆိုပိုင်ခွင့်ရှိမည် မဟုတ်ပေ။
يَوْمَ يَقُومُ الرُّوحُ وَالْمَلَائِكَةُ صَفًّا ۖ لَا يَتَكَلَّمُونَ إِلَّا مَنْ أَذِنَ لَهُ الرَّحْمَٰنُ وَقَالَ صَوَابًا
အကြင်နေ့တွင် သက်ရှိ အပေါင်းတို့သည်လည်းကောင်း၊ "မလာအီကဟ်" ကောင်းကင်တမန် အပေါင်းတို့သည်လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ်)စီတန်းမတ်တတ် ရပ်ကြ ပေမည်။ (ထိုနေ့တွင် ၎င်းတို့အနက်)"ရဟ်မာန်" မဟာကရုဏာတော်ရှင်က ခွင့်ပြုတော်မူသော၊ မှန်ကန်သောစကားကို ပြောဆို(အံ့)သောသူမှတစ်ပါး မည်သူတစ်ဦးတယောက်မျှပင် စကားပြောဆိုနိုင်မည် မဟုတ်ပေ။
ذَٰلِكَ الْيَوْمُ الْحَقُّ ۖ فَمَنْ شَاءَ اتَّخَذَ إِلَىٰ رَبِّهِ مَآبًا
ထို(ကိယာမတ်နေ့)သည်ကား မုချ ဆိုက်ရောက်မည့်နေ့ပင် ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အလိုရှိသောသူသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အထံတော်တွင် (မိမိအဖို့)ပြန်လည်ရာဌာနကို(အဆင်သင့်)ပြုလုပ်၍ ထားရပေမည်။
إِنَّا أَنْذَرْنَاكُمْ عَذَابًا قَرِيبًا يَوْمَ يَنْظُرُ الْمَرْءُ مَا قَدَّمَتْ يَدَاهُ وَيَقُولُ الْكَافِرُ يَا لَيْتَنِي كُنْتُ تُرَابًا
ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား မကြာမီ (ဆိုက်ရောက်မည်ဖြစ်သော) ပြစ်ဒဏ်နှင့် စပ်လျဉ်း၍သတိပေး နှိုးဆော်တော်မူခဲ့ချေပြီ။ ထိုနေ့တွင် လူတိုင်းသည် မိမိလက်နှစ်ဘက်ဖြင့် ကြိုတင်ပို့နှင့်ခဲ့သော အပြုအမူတို့ကို တွေ့မြင်ကြပေမည်။ ထိုမှတစ်ပါး (ထိုနေ့တွင်) ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူက "ဪ-ငါသည် မြေကြီး ဖြစ်ခဲ့ရလျှင်၊ ဖြစ်နိုင်လျှင်၊ ကောင်းလေစွတကား၊" ဟု ပြောဆို(ညည်းညူ)အံ့သတည်း။

Choose other languages: