Quran Apps in many lanuages:

Surah An-Naba Ayahs #33 Translated in Burmese

وَكُلَّ شَيْءٍ أَحْصَيْنَاهُ كِتَابًا
စင်စစ် ငါအရှင်မြတ်သည်(၎င်းတို့၏ အပြုအမူတို့ကို) အသီးသီး ရေးသားလျက် စေ့ငုစွာ ရေတွက်မှတ်သားတော်မူခဲ့သည်။
فَذُوقُوا فَلَنْ نَزِيدَكُمْ إِلَّا عَذَابًا
သို့ဖြစ်ပေရာ (ငါအရှင်မြတ်သည် ထိုနေ့တွင် ၎င်းတို့အား ယင်းအပြုအမူတို့ကို ပြသတော်မူ၍) အသင်တို့သည် (ပြစ်ဒဏ်၏အရသာကို) မြည်းစမ်း ကြလေကုန်။ စင်စစ် ငါအရှင်မြတ်သည် ပြစ်ဒဏ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ အသင်တို့၌ ပိုမိုစေတော်မူမည်မဟုတ်(ဟု မိန့်ကြားတော်မူအံ့သတည်း)။
إِنَّ لِلْمُتَّقِينَ مَفَازًا
ဧကန်မလွဲ (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေ ခန့်ညားသောသူတို့အဖို့ အောင်မြင်မှုသည် ရှိပေသည်။
حَدَائِقَ وَأَعْنَابًا
(၎င်းတို့ အေးချမ်းသာယာစွာ စားသောက် နေထိုင် သွားလာကြအံ့သောငှာ) ဥယျာဉ်များသည်လည်းကောင်း၊ စပျစ်သီးများသည်လည်းကောင်း၊ (ရှိကြပေမည်)။
وَكَوَاعِبَ أَتْرَابًا
သက်တူရွယ်တူ ပျိုကညာများသည်လည်းကောင်း၊

Choose other languages: