Quran Apps in many lanuages:

Surah An-Naba Ayahs #36 Translated in Burmese

حَدَائِقَ وَأَعْنَابًا
(၎င်းတို့ အေးချမ်းသာယာစွာ စားသောက် နေထိုင် သွားလာကြအံ့သောငှာ) ဥယျာဉ်များသည်လည်းကောင်း၊ စပျစ်သီးများသည်လည်းကောင်း၊ (ရှိကြပေမည်)။
وَكَوَاعِبَ أَتْرَابًا
သက်တူရွယ်တူ ပျိုကညာများသည်လည်းကောင်း၊
وَكَأْسًا دِهَاقًا
(အရက်ဖြင့်) ပြည့်လျှံလျက်ရှိသော ခွက်များသည်လည်းကောင်း၊ (ရှိကြပေသည်)။
لَا يَسْمَعُونَ فِيهَا لَغْوًا وَلَا كِذَّابًا
ထိုသူတို့သည် ယင်းဥယျာဉ်များ၌ မည်သည့်သိမ်ဖျင်းသော စကားကိုမျှလည်းကောင်း၊ မည်သည့် မုသား စကားကိုမျှလည်းကောင်း၊ ကြားကြရမည် မဟုတ်ပေ။
جَزَاءً مِنْ رَبِّكَ عَطَاءً حِسَابًا
(ဤသည်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ လုံလောက်စွာ ချီးမြှင့်တော်မူသော အကျိုးဆုလဒ်ပင်တည်း။

Choose other languages: