Quran Apps in many lanuages:

Surah An-Naba Ayahs #18 Translated in Burmese

وَأَنْزَلْنَا مِنَ الْمُعْصِرَاتِ مَاءً ثَجَّاجًا
ထိုမှတစ်ပါး ငါအရှင်မြတ်သည်သာလျှင် ညှစ်ထုတ်သောတိမ်များမှ (ရေအပြည့်ရှိသောမိုးတိမ်များမှ) (မိုး)ရေကို သည်းထန်စွာ ရွာသွန်းစေတော်မူခဲ့၏။
لِنُخْرِجَ بِهِ حَبًّا وَنَبَاتًا
(ယင်းမိုးရေကို ရွာသွန်းစေတော်မူခြင်းမှာ) ငါအရှင်မြတ်သည် ထိုမိုးရေဖြင့် ကောက်ပဲသီးနှံများကိုလည်းကောင်း၊ ဟင်းသီးဟင်းရွက်ပင်များကိုလည်းကောင်း၊ ပေါက်ရောက်စေတော်မူရန်လည်း ဖြစ်ပေသည်။
وَجَنَّاتٍ أَلْفَافًا
၎င်း ပြင် ပူးကပ်ထူထပ်သော ဥယျာဉ်များ(ပေါက်ရောက်စေတော်မူရန်လည်း) ဖြစ်ပေသတည်း။
إِنَّ يَوْمَ الْفَصْلِ كَانَ مِيقَاتًا
ဧကန်မလွဲ စီရင်ဆုံးဖြတ်မည့်နေ့ကား သတ်မှတ်ပြီးဖြစ်သော အချိန်ကာလတစ်ခုပင် ဖြစ်ပေသည်၊
يَوْمَ يُنْفَخُ فِي الصُّورِ فَتَأْتُونَ أَفْوَاجًا
အကြင်နေ့တွင် တံပိုးခရာမှုတ်ခြင်း ခံရပေမည်။ထိုအခါ အသင်တို့သည် အစုလိုက်၊ အစုလိုက် လာကြပေမည်။

Choose other languages: