Quran Apps in many lanuages:

Surah An-Naba Ayahs #15 Translated in Burmese

وَجَعَلْنَا النَّهَارَ مَعَاشًا
ထို့မှတစ်ပါး ငါအရှင်မြတ်သည်သာလျှင် နေ့ကို(အသင်တို့အဖို့) အသက်မွေးဝမ်းကျောင်းပြုရန် အချိန် ပြုလုပ်တော်မူခဲ့၏။
وَبَنَيْنَا فَوْقَكُمْ سَبْعًا شِدَادًا
ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် အသင်တို့ထက်ဝယ် အလွန်ခိုင်ခန့်လှစွာသော မိုးခုနှစ်ထပ်ကို ဆောက်လုပ်တော်မူခဲ့၏။
وَجَعَلْنَا سِرَاجًا وَهَّاجًا
ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် (ယင်းမိုးကောင်းကင်၌) လင်းဝင်းတောက်ပလှစွာသော ဆီမီးတစ်ခုကိုဖန်ဆင်းတော်မူခဲ့၏။
وَأَنْزَلْنَا مِنَ الْمُعْصِرَاتِ مَاءً ثَجَّاجًا
ထိုမှတစ်ပါး ငါအရှင်မြတ်သည်သာလျှင် ညှစ်ထုတ်သောတိမ်များမှ (ရေအပြည့်ရှိသောမိုးတိမ်များမှ) (မိုး)ရေကို သည်းထန်စွာ ရွာသွန်းစေတော်မူခဲ့၏။
لِنُخْرِجَ بِهِ حَبًّا وَنَبَاتًا
(ယင်းမိုးရေကို ရွာသွန်းစေတော်မူခြင်းမှာ) ငါအရှင်မြတ်သည် ထိုမိုးရေဖြင့် ကောက်ပဲသီးနှံများကိုလည်းကောင်း၊ ဟင်းသီးဟင်းရွက်ပင်များကိုလည်းကောင်း၊ ပေါက်ရောက်စေတော်မူရန်လည်း ဖြစ်ပေသည်။

Choose other languages: