Quran Apps in many lanuages:

Surah Al-Qasas Ayahs #6 Translated in Burmese

تِلْكَ آيَاتُ الْكِتَابِ الْمُبِينِ
ဤသည် ထင်ရှားလှစွာသောကျမ်းဂန်၏ အာယတ်တော်များပင်။
نَتْلُو عَلَيْكَ مِنْ نَبَإِ مُوسَىٰ وَفِرْعَوْنَ بِالْحَقِّ لِقَوْمٍ يُؤْمِنُونَ
ငါအရှင်မြတ်သည်"မုအ်မင်န်"သက်ဝင်ယုံကြည်ကြကုန်သော အမျိုးသားတို့အကျိုးငှာ မူစာနှင့်ဖစ်ရ်အောင်န်၏ အတ္ထုပ္ပတ္တိအချို့ကို အသင်၏ရှေ့ဝယ် တိကျမှန်ကန်စွာ ဖတ်ကြားတော်မူ၏။
إِنَّ فِرْعَوْنَ عَلَا فِي الْأَرْضِ وَجَعَلَ أَهْلَهَا شِيَعًا يَسْتَضْعِفُ طَائِفَةً مِنْهُمْ يُذَبِّحُ أَبْنَاءَهُمْ وَيَسْتَحْيِي نِسَاءَهُمْ ۚ إِنَّهُ كَانَ مِنَ الْمُفْسِدِينَ
ဧကန်မလွဲ ဖစ်ရ်အောင်န်သည် တိုင်းပြည်တွင် လွန်စွာမောက်မာလာလေပြီ။ ထို့ပြင် ၎င်းသည် ထိုတိုင်းသူပြည်သားတို့အား အုပ်စုအသီးသီး(ဖြစ်အောင်) ပြုလုပ်၍ထားသည်။ ၎င်းသည် ထိုအုပ်စုများအနက် အုပ်စုတစ်ခုကို အားအင်လျော့နည်းပါးအောင် ပြုလုပ်ထားသည်။ ၎င်းတို့၏ သားယောက်ျားကလေးများကို သတ်ဖြတ်၍၊ ၎င်းတို့၏(သမီး) မိန်းကလေးများကိုမူကား သတ်ဖြတ်ခြင်းမပြုဘဲ အသက်နှင့်ထားသည်။ ဧကန်စင်စစ် ထိုဖစ်ရ်အောင်န်သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သူတစ်ဦးပင်။
وَنُرِيدُ أَنْ نَمُنَّ عَلَى الَّذِينَ اسْتُضْعِفُوا فِي الْأَرْضِ وَنَجْعَلَهُمْ أَئِمَّةً وَنَجْعَلَهُمُ الْوَارِثِينَ
သို့ရာတွင် ငါအရှင်မြတ်သည် တိုင်းပြည်တွင် အားအင်လျော့နည်းအောင် ပြုလုပ်ခြင်းခံခဲ့ကြရသူတို့အား ကျေးဇူးပြုတော်မူရန်လည်းကောင်း၊ ထိုသူတို့အား ရှေ့ဆောင်ရှေ့ရပ်များ ပြုလုပ်တော်မူရန်လည်းကောင်း၊ ထိုသူတို့အား အမွေစားအမွေခံများ ပြုလုပ်တော်မူရန်လည်းကောင်း၊ အလိုရှိတော်မူ၏။
وَنُمَكِّنَ لَهُمْ فِي الْأَرْضِ وَنُرِيَ فِرْعَوْنَ وَهَامَانَ وَجُنُودَهُمَا مِنْهُمْ مَا كَانُوا يَحْذَرُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့အား ကမ္ဘာမြေဝယ် စိုးမိုးအုပ်ချုပ်သူများ ပြုတော်မူရန်လည်းကောင်း၊ ဖစ်ရ်အောင်န်-ဟာမာန်နှင့် ထိုဖစ်ရ်အောင်န်-ဟာမာန်နှစ်ဦး၏ ရဲမက်တို့အား ထို(အားအင်လျော့နည်းပါးသူတို့ဘက်မှ စိုးရိမ်လျက်ရှိကြသည်များကို (မျက်ဝါးထင်ထင်)ပြသတော်မူရန်လည်းကောင်း အလိုရှိတော်မူပေသတည်း)။

Choose other languages: