Quran Apps in many lanuages:

Surah Al-Qamar Ayahs #39 Translated in Burmese

نِعْمَةً مِنْ عِنْدِنَا ۚ كَذَٰلِكَ نَجْزِي مَنْ شَكَرَ
ငါအရှင်မြတ်အထံတော်မှ ကျေးဇူးပြုတော်မူသောအားဖြင့် ကျေးဇူးသိတတ်သောသူအား ငါအရှင်မြတ်သည် ထိုနည်းအတိုင်းပင် အစားပေးလေ့ ရှိတော်မူ၏။
وَلَقَدْ أَنْذَرَهُمْ بَطْشَتَنَا فَتَمَارَوْا بِالنُّذُرِ
စင်စစ်သော်ကား ဧကန်မလွဲ ထို ‘လူ(တ်)’က ငါအရှင်မြတ် ဖမ်းဆီးအရေးယူတော်မူမည် ဖြစ်ကြောင်း ၎င်းတို့အား သတိပေးနှိုးဆော်ခဲ့သော်လည်း ၎င်းတို့မှာ (ယင်း)သတိပေးနှိုးဆော်မှုများနှင့် စပ်လျဉ်း၍ အငြင်းအခုံ ပြုခဲ့ကြကုန်၏။
وَلَقَدْ رَاوَدُوهُ عَنْ ضَيْفِهِ فَطَمَسْنَا أَعْيُنَهُمْ فَذُوقُوا عَذَابِي وَنُذُرِ
ထိုမှတစ်ပါး ၎င်းတို့သည် ထိုလူ(တ်)၏ ဧည့်သည်များကို ၎င်း၏ထံ၌ (မကောင်းသော ရည်ရွယ်ချက်နှင့်)တောင်းဆိုခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ (ငါအရှင်မြတ်သည် ၎င်းတို့၏မျက်စိများကို ကန်းစေတော် မူခဲ့၏။ ထို့နောက် ၎င်းတို့အား) အသင်တို့သည် ငါအရှင်မြတ်၏ ပြစ်ဒဏ်၏ရသာကိုလည်းကောင်း၊ ငါ အရှင်မြတ်၏ သတိပေးနှိုးဆော်မှုများ၏ ရသာကိုလည်းကောင်း၊ မြည်းစမ်းကြလေကုန်(ဟု မိန့်ကြားတော်မူခဲ့၏)။
وَلَقَدْ صَبَّحَهُمْ بُكْرَةً عَذَابٌ مُسْتَقِرٌّ
ထိုမှတစ်ပါး ဧကန်မလွဲ အဓွန့်ရှည်စွာ တည်မြဲအံ့သောငှာ ပြစ်ဒဏ်သည် ၎င်းတို့၌ နံနက်စောစော အချိန်တွင်ပင် သက်ရောက်ခဲ့လေ၏။
فَذُوقُوا عَذَابِي وَنُذُرِ
သို့ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ်၏ ပြစ်ဒဏ်ကိုလည်းကောင်း၊ ငါအရှင်မြတ်၏ သတိပေး နှိုးဆော်မှုများကိုလည်းကောင်း၊ မြည်းစမ်းကြလေကုန် (ဟု မိန့်ကြားတော်မူခဲ့၏။)

Choose other languages: