Quran Apps in many lanuages:

Surah Al-Qamar Ayahs #14 Translated in Burmese

فَدَعَا رَبَّهُ أَنِّي مَغْلُوبٌ فَانْتَصِرْ
ထိုအခါ ထို`နူဟ်`သည် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ (အို-အရှင်)ဧကန်စင်စစ် ကျွန်တော်မျိုးသည် အရေးမလှသူ (ဖိနှိပ် ခြင်းခံရသူ) ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် လက်စားချေတော်မူပါဟု ပန်ကြားခဲ့လေ၏။
فَفَتَحْنَا أَبْوَابَ السَّمَاءِ بِمَاءٍ مُنْهَمِرٍ
ထိုအခါ ငါအရှင်မြတ်သည် မိုးကောင်းကင်၏ တံခါးများကိုဖွင့်၍ မိုးသည်းထန်စွာ ရွာသွန်းစေတော်မူ၏။
وَفَجَّرْنَا الْأَرْضَ عُيُونًا فَالْتَقَى الْمَاءُ عَلَىٰ أَمْرٍ قَدْ قُدِرَ
၎င်းပြင် ငါအရှင်မြတ်သည် ပထဝီမြေမှ စမ်းများကို ပန်း၍ထွက်စေတော်မူခဲ့ရာ (ထက်အောက်) ရေသည် တင်ရင်စီမံထားသော အရေးကိစ္စ (ပြည့်ဝစေရန်) ရောစပ်၍ သွားခဲ့လေ၏။
وَحَمَلْنَاهُ عَلَىٰ ذَاتِ أَلْوَاحٍ وَدُسُرٍ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို ‘နူဟ်’ အားပျဉ်ချပ်များဖြင့်လည်းကောင်း၊ သံများဖြင့်လည်းကောင်း၊ ပြုလုပ်၍ထားသော (သင်္ဘော)ပေါ်သို့ စီးနင်းစေတော်မူခဲ့၏။
تَجْرِي بِأَعْيُنِنَا جَزَاءً لِمَنْ كَانَ كُفِرَ
ယင်းသင်္ဘောမှာ ငါအရှင်မြတ်၏ စောင့်ရှောက်မှုအောက်တွင် သွားလာ လှုပ်ရှားလျက် ရှိနေခဲ့၏။ (ထိုသည်ကား) ငြင်းပယ်ခြင်း ခံခဲ့ရသောသူ(နူဟ်)နှင့် ပတ်သက်၍ လက်စားချေတော်မူခြင်းပင် ဖြစ်ပေသည်။

Choose other languages: