Quran Apps in many lanuages:

Surah Al-Qalam Ayahs #22 Translated in Burmese

وَلَا يَسْتَثْنُونَ
သို့ရာတွင် ၎င်းတို့သည် (ယင်းသို့ကျိန်ဆိုရာ၌)"အင်န်ရှာအလ္လာဟ်" "အလ္လာဟ်အရှင်မြတ်အလိုတော် ရှိတော်မူပါလျှင်" ဟူ၍ ခြွင်းချက်ထားရှိခြင်း မပြုခဲ့ကြပေ။
فَطَافَ عَلَيْهَا طَائِفٌ مِنْ رَبِّكَ وَهُمْ نَائِمُونَ
သို့ဖြစ်ပေရာ၊ ၎င်းတို့ အိပ်ပျော်နေကြစဉ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ လှည့်ပတ်သောအရာ (ဝါ) မီးဘေးသည် ယင်းဥယျာဉ်ပေါ်ဝယ် လှည့်ပတ်ခဲ့လေ၏။
فَأَصْبَحَتْ كَالصَّرِيمِ
သို့ဖြစ်ပေရာ နံနက်အချိန်တွင် ယင်းဥယျာဉ်မှာ ဆွတ်ခူး ရိတ်ဖြတ်ပြီးသကဲ့သို့ပင် ဖြစ်သွားခဲ့လေ၏။
فَتَنَادَوْا مُصْبِحِينَ
ထိုနောက် ၎င်းတို့သည် နံနက်စောစော ထကြလျက် တစ်ဦးက တစ်ဦးအား ဟစ်ခေါ်ခဲ့ကြ၏။
أَنِ اغْدُوا عَلَىٰ حَرْثِكُمْ إِنْ كُنْتُمْ صَارِمِينَ
အသင်တို့သည် အကယ်၍ အသီးများကို ဆွတ်ခူးလိုကြပါက မိမိတို့၏ လယ်ယာဥယျာဉ်သို့ စောစောသွားကြလေကုန်

Choose other languages: