Quran Apps in many lanuages:

Surah Al-Qalam Ayahs #17 Translated in Burmese

عُتُلٍّ بَعْدَ ذَٰلِكَ زَنِيمٍ
လွန်စွာ ကြမ်းကြုတ် အန္တရာယ်ပြုသူ၊ ထိုမှတစ်ပါး မျိုးရိုးမစစ်သောသူဖြစ်၏။
أَنْ كَانَ ذَا مَالٍ وَبَنِينَ
ထိုသူသည် ပစ္စည်းရှင်၊ သားသမီးရှင် ဖြစ်သောကြောင့်။
إِذَا تُتْلَىٰ عَلَيْهِ آيَاتُنَا قَالَ أَسَاطِيرُ الْأَوَّلِينَ
၎င်း၏ရှေ့ဝယ် ငါအရှင်မြတ်၏ အာယတ်တော်များ ဖတ်ကြားခြင်းခံရသောအခါ ၎င်းက(ဤသည်တို့မှာ) ရှေးသူဟောင်းတို့၏ ယုံတမ်းစကားများ ဖြစ်သည်ဟု ပြောဆို၏။
سَنَسِمُهُ عَلَى الْخُرْطُومِ
မကြာမြင့်မီပင် ငါအရှင်မြတ်သည် ၎င်း၏ နှာခေါင်းပေါ်ဝယ် တံဆိပ် ခတ်နှိပ်တော်မူအံ့သတည်း။
إِنَّا بَلَوْنَاهُمْ كَمَا بَلَوْنَا أَصْحَابَ الْجَنَّةِ إِذْ أَقْسَمُوا لَيَصْرِمُنَّهَا مُصْبِحِينَ
ဧကန်စင်စစ် ငါအရှင်မြတ်သည် ဥယျာဉ်ရှင်များအား စမ်းသပ်တော်မူဘိသကဲ့သို့ပင်၊ ၎င်းတို့အား စမ်းသပ်တော်မူခဲ့၏။ တစ်ရံရောအခါဝယ် ထိုဥယျာဉ်ရှင်တို့က မလွဲဧကန် ၎င်းတို့သည် နံနက်စောစောသွားကြလျက် ယင်းဥယျာဉ်၏အသီးများကို ဆွတ်ခူးကြမည်ဟု ကျိန်ဆိုခဲ့ကြကုန်၏။

Choose other languages: