Quran Apps in many lanuages:

Surah Al-Muzzammil Ayahs #9 Translated in Burmese

إِنَّا سَنُلْقِي عَلَيْكَ قَوْلًا ثَقِيلًا
ဧကန်အမှန် ငါအရှင်မြတ်သည် အသင့်အပေါ်ဝယ် လေးလံသောအာယတ်တော်ကို မကြာ မြင့်မီပင်ချပေးတော်မူပေမည်။
إِنَّ نَاشِئَةَ اللَّيْلِ هِيَ أَشَدُّ وَطْئًا وَأَقْوَمُ قِيلًا
စင်စစ်ဧကန် ညဉ့်၌ (အိပ်ရာမှ)ထခြင်းသည်(ကိုယ်နှုတ်နှလုံးတို့ကို) ပိုမို၍ သပ္ပာယဖြစ်စေသည်၊ စကားပြောဆိုရာတွင်လည်း ပိုမို၍ပင် တိကျမှန်ကန်စေသည်။
إِنَّ لَكَ فِي النَّهَارِ سَبْحًا طَوِيلًا
ဧကန်မလွဲ နေ့တွင် အသင်၌ လုပ်ကိုင်ဆောင်ရွက်ရန် ကိစ္စများပြားစွာ ရှိပေ၏။
وَاذْكُرِ اسْمَ رَبِّكَ وَتَبَتَّلْ إِلَيْهِ تَبْتِيلًا
၎င်းပြင် သင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏နာမံတော်ကို ရွတ်ဆို တသပါလေ။ ထိုမှတစ်ပါး အသင်သည် အနှောင်အဖွဲ့ဟူသမျှတို့ကို ဖြတ်တောက်၍ ထိုအရှင်မြတ်ဘက်သို့သာလျှင် အာရုံစူးစိုက်လျက် ရှိပါလေ။
رَبُّ الْمَشْرِقِ وَالْمَغْرِبِ لَا إِلَٰهَ إِلَّا هُوَ فَاتَّخِذْهُ وَكِيلًا
(ထိုအရှင်မြတ်)သည် နေထွက်ရာ အရပ်ကိုလည်းကောင်း၊ နေဝင်ရာ အရပ်ကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ထိုအရှင်မြတ်အားသာလျှင် ကိစ္စအဝဝကို ပြီးစီးအောင်ဆောင်ရွက်ပေးတော်မူသော အရှင်မြတ်အဖြစ် ရွေးချယ်ပါလေ။

Choose other languages: